Ep-4

680 30 0
                                    

🌋မုန်းမာန်ပြယ် ချစ်ခြင်း🌋

             &~&~🌺Ep-4🌺~&~&

ဝမ်ရိပေါ် အိမ်သို့ ရောက်ရောက်ခြင်း

Sean ကိုရှာမိသည်။

မနက်စာ မစားဘဲ အလုပ်သွားလုပ်သည့် Sean ကြောင့်

သူတစ်နေကုန်စိတ်ရှုပ်နေရသည်။

မနေ့ကလို လဲနေမှဖြင့် သူအလုပ်ရှုပ်ပေအုံးမည်။

ရိပေါ် အိမ်ထဲမဝင်ခင် ရေကူးကန်ဘက် လျှောက်လာမိသည်။

ကြည်သန့်နေတာထက်ပိုသော ရေကူးကန်နှင့် စိမ်းမြမြရေကြည်တို့က

ဝမ်သခင်လေးကို လှပစွာပြုံးပြကြသည်။

မသိမသာ တွန့်ချိုးသွားတဲ့ နှုတ်ခမ်းအစုံက ဝမ်သခင်လေး၏ စိတ်ကျေနပ်မှုကို ဖော်ပြသည်။

ဝမ်ရိပေါ် အိမ်ထဲဝင်လာတော့ Sean ကိုမတွေ့။

ဧည့်ခန်း၌ ဝင်ထိုင်ရင်း သူ အော်ခေါ်မိသည်။

"Sean!!"

"Sean ! ဘာလုပ်နေတာလဲ။ခု ချက်ချင်းလာခဲ့"

တုန့်ပြန်လာခြင်းမရှိသော Sean ကြောင့် ရိပေါ် စိတ်တိုမိသည်။

Sean အတွက်ပေးထားသော အခန်းကို သူသွားကြည့်လိုက်သည်။

ကုတင်ပေါ် စောင်လေးခြုံကာ ခွေခွေလေးအိပ်ပျော်နေသောSean ကြောင့်

"Sean! ခု ထစမ်း။ ခေါ်နေတာ မကြားဘူးလား။"

အခန်းဝရပ်ကာ ခပ်ကျယ်ကျယ်လေး အော်ပေးလိုက်မှ Sean က ကပျာကယာ စောင်ဖယ်ကာ ထလာသည်။

"ဟုတ်...ဟုတ်ကဲ့ပါ သခင်လေး။ ကျန့်ကျန့် အိပ်ပျော်သွားလို့ပါ"

"အိပ်ပျော်သွားရလောက်အောင် မင်းကအားနေတာလား..ဟမ်"

"မဟုတ်ပါဘူးသခင်လေး။ ကျန့်ကျန့်....."

"တော်တော့ ။ အိမ်ကိုရောက်တာမှဖြင့် တစ်ရက်နဲ့ နေ့တစ်ပိုင်းရှိသေးတယ်။

ဆင်ခြေဆင်လက်က အပြည့်ပဲ။ နေစမ်းပါအုံး။

Sean မင်းက အရင်လို မဟုတ်ပါလား။ ဘာလဲ ကိုယ့်အလှည့်ကျတော့ အ,ချင်ယောင်ဆောင်နေတာလား"

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ