Ep-14

377 13 0
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

                &~&~Ep-14~&~&

နာရီအားဖြင့် ခုနစ်ဆယ့် နှစ်နာရီ ရှိခဲ့ပြီ။

မိနစ်အားဖြင့် လေးထောင့်သုံးရာ့နှစ်ဆယ်၊

စက္ကန့်အားဖြင့်ဆိုပြန်တော့ နှစ်သိန်း ငါးသောင်း ကို့ထောင့် နှစ်ရာ ရှိခဲ့ပြီ။

ဝမ်သခင်လေး ရှောင်းကျန့်ရှေ့သို့ ယခုထိတိုင်ပေါ်မလာသေး။

အကြောင်းပြချက်မပေးပါပဲ စက္ကန့်ပေါင်း သိန်း၊ သောင်း ချီပြီးပျောက်နေသော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်အတွေးတို့ လှုပ်ခတ်ရပြန်ပါသည်။

စလုံးရေးစ တောင်မစရသေးပဲ ဝမ်ရိပေါ်က သူ့ကို စိတ်ပျက်သွားပြီလား?

တောင်းပန်ပါတယ် ပြောပြီးပျောက်သွားရအောင် သူကခွင့်လွှတ်ပေးလိုက်လို့လား?

ဒါမှမဟုတ် အစားလွန်ပြီး နေမကောင်းဖြစ်သွားတာလား?

နေမကောင်းဖြစ်ရင် ခေါင်းမာလွန်းပြီး အားငယ်တတ်တဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်စိတ်ပူမိသည်။

စိတ်အခန့်မသင့်လို့ အလုပ်သမားတွေကို အော်ဟစ်ပစ်လိုက်ရင် ထိုအလုပ်သမားတွေက သူ့လို အဆူခံပြီး အတင်းလုပ်ပေးကြမှာမဟုတ်။

ဟိုက်ခွမ်းကောကို အကြောင်းမကြားလျှင် ဆေးသောက်ဖို့လဲရှိမည်မဟုတ်။ အရင်လို အိပ်မက်ဆိုးမက်ပြီး ငိုနေရင် ဖက်ပြီးနှစ်သိပ်ပေးမယ့် သူလဲ မရှိ။

အရာအားလုံး ဆက်စပ်တွေးကြည့်ပါက ဝမ်ရိပေါ်အတွက် ပူပန်စိတ်က ရှောင်းကျန့်ကို ဖင်ထိုင်မကျဖြစ်စေသည်။

စိတ်ထဲမှာလဲ ယိုးတိုးယွတနှင့်။

ကောကို မေးမည်ဆိုပါကလဲ မဝံမရဲ။ ကိုယ့်အပြစ်နှင့်ကိုယ် ကြံရာမရဖြစ်နေသည်။

ကိုယ်တိုင်တောင် မသိပါပဲနှင့် အပေါ်ထပ်၊ အောက်ထပ် ၊ဧည့်ခန်းမကျန် အသွားအပြန်လုပ်နေမိသည်။

ဖုန်းတစ်လုံးကို ကိုင်ကာ ခြံရှေ့ကိုလဲ လည်တဆန့်ဆန့်။

ဘယ်နှစ်မြောက်မှန်းမသိ မာမားရဲ့ အမေးသံကြားမှ စိတ်နှင့် ကိုယ်နှင့် ကပ်မိသည်။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Donde viven las historias. Descúbrelo ahora