Ep-15

405 12 0
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

&~&~Ep-15~&~&

"မာမား....တကယ်သွားမှာလား"

"ပါပါးကလဲ တူတူပဲ..အဟင့်"

"ကောကရော ဘာထူးလဲ..တစ်ယောက်မှ ကျန့်ကျန့်ကို မချစ်ကြဘူး"

ချွဲပျစ်ပျစ်အသံရော ဆူအောင့်အောင့်အသံရောကိုပါ သုံးလို့ မနက်စာ ဝိုင်းကတည်းက အခုနေ့လည် အထိ ဂျီကျကာ ရစ်နေသော ချွဲစိန်လေး ရှောင်းကျန့်၏ အသံက ရှောင်းအိမ်တော်အတွက် တေးသံသာသာ။

မခံနိုင်သော နားကို Sean က လိမ္မာပါးနပ်စွာ ဝါဂွမ်းဖြူဖြူတို့ဖြင့် ကာကွယ် ထားသည်။

လက်တော့ပ်ကို အာရုံစိုက်သလိုနှင့် ပါပါးကလဲ ရှောင်းကျန့်၏ အမေးကို မသိသလို လျစ်လျူရှုသည်။

မာမားလဲ မတတ်နိုင်လို့ပါ ဟူသော အပြုံးမျိုးနှင့် ရှောင်းကတော်က ကျန့်ကျန့်ကို နှစ်သိပ်သည်။

ထိုအခြေအနေအရပ်ရပ်ကြောင့် ရှောင်းကျန့်ပိုလို့ စိတ်တိုရသည်။

အစီအစဥ်ဆွဲထားသလို တိုက်ဆိုင်လို့ပါ ဟူသော အကြောင်းပြချက်နှင့် ရှောင်းကျန့်ကို ဝိုင်း၍ ညစ်သည်။

ထားပါတော့ ရှောင်းကျန့်ဆိုတာ အစောကတည်းက အပယ်ခံ အမှိုက်သက်သက်ပဲ။

ခဏတာလေး ဂရုစိုက်မှုတွေရလို့ လူဆိုးလေး လုပ်ချင်နေတာ။ တကယ်တော့ ရှောင်းကျန့်ဆိုတာတစ်ယောက်ထဲ ပါပဲ။ ဘယ်သူမှ အနားမှာ မရှိတဲ့ အထီးကျန်ရွက်ဝါလေး တစ်ခုသာသာရယ်ပါ။

တစ်မနက်လုံး ဂျီကျကာ ရစ်စိန်လုပ်နေသည့် သားငယ်က ခဏတာ ငြိမ်သက်သွားပြီး မည်သည့်စကားမှ ထပ်ဆိုမလာပဲ သူ့အိပ်ခန်းဆီသို့ ဦးတည်သည်။

ဒဏ်ရာများစွာနှင့် ထိုကလေးက ဦးနှောက်သေးသေးလေးထဲ အတွေးဆိုးတို့ ဝင်ရောက်သွားဟန်။

ပျက်ယွင်းသွားသော မျက်နှာအမူအရာကို အသေချာမထိန်းနိုင်တော့ဘဲ ငူငူငိုင်ငိုင်လေးဖြင့်။

သက်ပြင်းမောကို အသာချလို့ ရှောင်းသခင်မက ရှောင်းသခင်ကြီးကို မျက်စပစ်သည်။

မျက်မှန်ကိုင်းကို အသာပင့်တင်လို့ ရှောင်းသခင်ကြီးက ခေါင်းရမ်းပြသည်။

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now