Ep-9

474 18 0
                                    

မုန်းမာန်ပြယ် ချစ်ခြင်း

             &~&~Ep-9~&~&

ရက်ကို လစား

လကို နှစ်စား။

ရွက်ဟောင်းကြွေလွင့်လို့ ရွက်သစ်ဝေသည်။

ရွက်သစ်စုံလို့ ဖူးပွင့်ကြွယ်သည်။

အဟောင်းတွေ ကုန်လွင့်လို့

အသစ်တွေ ပေါ်ထွက်သည်။

လောကကြီးက သူ့တာဝန်အတိုင်း

တရွေ့ရွေ့ကုန်ဆုံးသည်။

မွေးဖွားခြင်းနဲ့ ရှင်သန်ခြင်းတရားတို့ကလဲ

တစ်လှည့်စီ ၊ တစ်ခါတစ်ခါ ထပ်တူစီသို့။

ဒဏ္ဍာရီပုံပြင် တွေက ဆိုသည်။

ကိန္နရီ မောင်နှံ တစ်ညတာခွဲရတာ

ရက်ပေါင်း ခုနစ်ရာခွဲရသလို ပူလောင်လွမ်းဆွတ်တယ်တဲ့။

ရှောင်းကျန့်ကို တစ်နှစ်တာ ခွဲခွာရတာ

ဝမ်ရိပေါ်ရင်ထဲ မီးပင်လယ် ဖြတ်သန်းစီးဆင်းသည်။

ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့

မြင်းမိုရ်တောင်ပေါ်က အခါခါ ခုန်ချနေရသလို

ရင်ထဲ နှိုင်းမရအောင် နက်နက်ရှိုင်းရှိုင်း ဖြစ်တည်တယ်။

မနက်ခင်းမှာ ရှောင်းကျန့်အပြုံးနဲ့အစပြုလို့

နေ့လည်မှာ ရှောင်းကျန့်အမူအရာလေးတွေနဲ့

လည်ပတ်တယ်။

ညခင်းမှာ ရှောင်းကျန့် ခြုံစောင်လေးနဲ့ ထွေးလို့ နွေးထွေးမှုကို

ရင်ငွေ့လှုံတယ်။

တစ်နှစ်ပါတ်လုံး ရှောင်းကျန့်ကို အကြောင်းပြုလို့

ဝမ်ရိပေါ်က ရှင်သန်တယ်။

အအိပ်အစားမမှန်လို့ ညိုပြီးချိုင့်လာတဲ့ မျက်နှာ၊မွဲခြောက်နေတဲ့ အသားအရေနဲ့

ရှောင်းကျန့်ကို ကြည့်၍

ဝမ်ရိပေါ်က ရင်လှိုက်သည်းလှိုက်ငိုတယ်။

သုံးလလောက် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ရှောင်းကျန့်ကြောင့်

မုန်းမာန်ပြယ် ချစ်ခြင်း (Completed)Where stories live. Discover now