လုရှသည်ဒီတစ်လောမှာ သိသိသာသာအပြောင်းအလဲတွေရှိလာခဲ့သည်။ ပညာတတ်လူငယ်များနေရာကတခြားသူတွေသည် သူမကိုနေ့တိုင်းမြင်နေကြရာ အပြောင်းအလဲတွေကသိပ်မသိသာဘူးဆိုပေမယ့် ဒီအပြုံးလေးကကုရှန့်နန်ကို များသောအားဖြင့်တိတ်ဆိတ်နေလေ့ရှိတဲ့ လုရှသည်လည်းအတော်လေးလှပတယ်ဆိုတာ ရုတ်တရက်သဘောပေါက်သွားစေခဲ့သည်။

သူကအနည်းငယ်ပျာယာခတ်သွားခဲ့ပေမယ့် အလျင်မြန်ပဲစိတ်ပြန်တည်ငြိမ်သွားသည်။
" ကျေးဇူးတင်စရာမလိုပါဘူး ကျနော်တို့ကပညာတတ်လူငယ်အဖွဲ့တစ်ခုထဲပဲလေ တစ်ယောက်နဲ့တစ်ယောက်ကူညီတာကသဘာဝပါပဲ"

လုရှသည်ထပ်ပြုံးပြလိုက်ပေမယ့် ဘာမှတော့မပြောခဲ့ပေ။ စာအိတ်ကိုယူလိုက်ပြီး ခေါင်းငုံ့ကာဖတ်လိုက်သည်။

ကုရှန့်နန်သည်သယ်ထားပစ္စည်းတွေနဲ့အတူ သူ့အခန်းသူလှည့်ပြန်သွားသည်။

ဘေးမှာရပ်နေတဲ့ချန်ယွီကျောင်းသည် ခုနကကုရှန့်နန်ရဲ့ခဏတာပျာယာခတ်သွားတဲ့ အခြေအနေကိုမြင်လိုက်ပြီး အရင်ကသူမအာရုံထဲမထည့်ခဲ့တဲ့လုရှကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်ကို ဘယ်သူကမှသတိမထားမိခဲ့ကြပေ။

ဒီအကြည့်တချက်ဖြင့် ချန်‌ယွီကျောင်းသည်နောက်ဆုံးမှာ သူမအရင်ကအမှားလုပ်ခဲ့မိကြောင်းသဘောပေါက်သွားသည်။

ဒီလုရှကလည်းအတော်လေးဆွဲဆောင်မှုရှိသည်။ အရင်ကသူမသည် စူးမန့်အပေါ်ပဲအာရုံစိုက်လွန်းနေတာကြောင့် တခြားဘယ်သူ့ကိုမှဂရုမစိုက်မိခဲ့ပေ။ သူမဘေးမှာ အထင်ကြီးရလောက်တဲ့ပြိုင်ဘက် နောက်တစ်ယောက်ရှိနေမယ်လို့မထင်ထားခဲ့ပေ။

ချန်ယွီကျောင်းရဲ့မျက်နှာထားမသာမယာဖြစ်သွားပြီးနောက် သူမဘာကိုတွေးလိုက်သည်လဲမသိရပေ။ သူမကလုရှကိုနောက်တစ်ခေါက်ထပ်ကြည့်ပြီးမှ လှည့်ထွက်သွားသည်။

ဒါပေမဲ့ လုရှသည်ဒါတွေအားလုံးကိုသတိမမူမိပေ။ လက်ရှိအချိန်တွင် သူမသည်စွင်းရှန်းနန်စကားပြောသည်ကိုနားထောင်နေသည်။

ဒီနယ်မြေမှာစာပို့သမားသည်တစ်လမှတစ်ကြိမ်သာလာကြောင်း သဘောပေါက်လိုက်သည်။ စာပို့မဲ့နေ့မတိုင်ခင်စာရောက်လာခဲ့ပါက ပို့ဆောင်ပေးမည်ဖြစ်ပေမယ့် ထို့နောက်မှရောက်လာတဲ့စာများကတော့ နောက်တစ်လအထိစောင့်ရမည်ဖြစ်သည်။ ဒါပေါ့ အကယ်၍တစ်ယောက်ယောက်ကအလျင်လိုသည်ဆိုလျှင် သူတို့ဘာသာသွားထုတ်ယူနိုင်သည်။

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now