အပိုင်း(၂၀)

Start from the beginning
                                    

သခင်မြင်သွားခဲ့တာပဲ။သို့ပေမဲ့သခင်သည်ချက်ချင်းပင် အရေးမစိုက်ဟန်ဖြင့်အကြည့်လွှဲသွားသည်။အင်းလေ..သခင့်ဆီကဘာများမျှော်လင့်မိလိုက်ပါလိမ့်။သဝန်တိုခံချင်မှုကိုလား။တကယ်ရူးကြောင်ကြောင်နိုင်တာပဲ။

"လင်း..နင်စားဖို့ငါတို့နှစ်‌ေယာက်အသီးတွေဝယ်လာခဲ့တာ..စားဖြစ်အောင်စားနော်"

"ဘာလို့်ဝယ်လာတာလည်းမောင်ရာ..ဒုက္ခရှာလို့"

"ငါရောဝယ်လာတာပါနော်"

"တကယ်ပါပဲ စကားကိုအကျအနကောက်နေသေးတယ်"

ဖူးမြတ်ကချက်ချင်းလင်းဘေးနားအတင်းကပ်လာသည်။ပြီးတော့ နား နားသို့ကပ်ကာတိုးတိုးလေးပြောသည်။

"နင့်မမကနင့်ကို နေမကောင်းဖြစ်တာ‌ပြုစုပေးရဲ့လား"

"သခင်က အဲ့လိုတော့လုပ်ပေးပါတယ်"

ဝတ်ကျေတန်းကျေ‌ဆိုတာကိုတော့မပြောလိုက်ပါ။

"လင်း..ခုန အစ်မကနင်နဲ့အတူနေတဲ့အစ်မလား"

"အင်း"

"ချောတာတော့တော်တော်ချောတယ်နော်"

စိတ်ထဲမှာသဝန်တိုမှုလေးဖြတ်ပြေးသွားသည်။ကိုယ့်ကိုသဘောကျမှန်းသိနေတဲ့လူတစ်ယောက်ဆီကတောင် သခင့်အလှကိုချီးကျူးခြင်းအပေါ် သဝန်တိုနေတာတော့ လွန်သည်မဟုတ်လား။ဒါပေမဲ့မရပ်တန့်နိုင်ဘူး။သခင့်ကို လူတိုင်းနဲ့သဝန်တိုသည်။
ဒါပေမဲ့ တရားဝင်သဝန်တိုခွင့်မှရှိမနေခဲ့။

"အင်း"

"ဒါပေမဲ့ နင်လောက်တော့မလှပါဘူးသူက"

"မဟုတ်တာ သခင်ကပိုလှတာပါ"

သူအမှတ်ယူချင်လို့သာကိုယ့်ကိုလှတယ်လို့ပြောချင်ပြောနေပေမဲ့ သခင့်လောက်ကိုယ်ဟာမလှဘူးဆိုတာကတော့ငြင်းလို့မရတဲ့အမှန်တရားပါ။သခင့်‌ေလာက်မ‌ေပြာနဲ့သခင့်တစ်ဝက်ပင်မလှတာပါ။

"ငါ့မျက်စိထဲမှာတော့ နင်ကအလှဆုံးပဲ"

"ငါ့မျက်လုံးထဲလည်း သခင်ကအလှဆုံးပဲ"

တကယ်ပဲ သခင်သည်အလှဆုံးပါ။သခင့်အလှကယဉ်သလိုလိုရှိပေမဲ့ အရိုင်းဆန်သည်။တစ်ခါတလေအေးချမ်းတဲ့အလှမျိုးဖြစ်သလို။တစ်ခါတ‌လေကျ ပူလောင်တဲ့အလှမျိုးဖြစ်သည်။ပုံစံအမျိုးမျိုး၊အလှအမျိုးမျိုးပြောင်းယူနိုင်တဲ့သခင်သည် ကိုယ့်မျက်လုံးထဲမှာတော့ တကယ်အလှဆုံးပါ။

သခင် (Completed)Where stories live. Discover now