''ကလေး ကိုယ်တို့ဆေးရုံကဆင်းလို့ရပြီတဲ့''
အသံနဲ့အတူဦးစက်ကကုတင်မှာကျောမှီကာထိုင်နေသောသူမနားရောက်လာပြီးကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်၏။
စက်ကွင်းသူမလက်ကလေးကိုကိုင်တော့သူမကဆတ်ခနဲပြန်ရုတ်ပြီး
''ဘယ်သူကခွင့်ပြုလို့အသားကိုလာထိနေတာလဲ''
''ကိုယ်တောင်းပန်ပါတယ်''
သူများကိုကျအေ.သအလဲရက်စက်နိုင်သူကသူမရှေ့မှာကျယုန်သူငယ်လေးလို။
''ဘာလုပ်နေတာလဲ အိမ်ပြန်မယ် ဒီမှာတစ်စက္ကန့်လေးတောင်ထပ်မနေချင်တော့ဘူး
''ဟုတ်ပြီဟုတ်ပြီ ကိုယ်ပစ္စည်းတွေသိမ်းလိုက်ဦးမယ်''
''သိမ်းမနေနဲ့ အကုန်ထားခဲ့လိုက် ရှုပ်တယ်''
ပြောပြီးသူမကကုတင်ပေါ်ကဆင်းလိုက်တော့အစကစက်ကွင်းတွဲပေးမလို့ပေမယ့်သူမလေးစိတ်ထပ်ဆိုးမည်စိုး၍လက်ကိုပြန်ရုတ်လိုက်သည်။
ပန်းကလေးလည်းဦးစက်အားမမှိန်မသုန်ကြည့်ပြီး
''ဘာရပ်ကြည့်နေတာလဲ လာတွဲလေ''
''အာ''
စက်ကွင်းချက်ချင်းပဲသူမနားရောက်သွားပြီးလက်တစ်ဖက်ကပုခုံးကိုဖက်ကာကျန်လက်တစ်ဖက်ကသူမလက်ကလေးကိုကိုင်လိုက်၏။
''ဖြည်းဖြည်းကလေး''
ဗိုက်ကငါးလကျော်ဗိုက်သာပြောပေမယ့်သူမဗိုက်လေးကတစ်ကယ်သေးသေးလေး။မသိရင်တာဝန်အရမို့မပူချင့်ပူချင် ပူပေးနေရတဲ့အတိုင်း။
တီတီပြောတာတော့အပျိုဗိုက်မို့လို့တဲ့။စိတ်ကလည်းကြီးလာလိုက်တာမပြောပါနဲ့တော့။
အမြဲမှုန်ကုပ်ကုပ်ပြီးသူမလေးမှာဘာကိုမှမလိုမကျနေ။
အထူးသဖြင့်သူ့ကို။အိမ်ပြန်လမ်းတွင်....
''ဦးစက် မင်းသူအောင်နဲ့ဇင်ယော်ဖြူကိုဘာလုပ်လိုက်လဲ''
''ကလေးမသိချင်ပါနဲ့''
''ကျွန်မသိပြီးပြီ''
''ကလေး''
သူမကလမ်းပေါ်အကြည့်ပို့ထားရင်းမှ
BINABASA MO ANG
You are mine [completed]
RomanceCompleted မိဘတွေသေဆုံးသွားရတာဟာသူ့အဖေရဲ့မယားငယ်ကြောင့်ဆိုပြီးအငြှိုးအတေးတွေကြီးနေခဲ့တဲ့နေ့စက်ကွင်းတစ်ယောက် သူ့အဖေမယားငယ်ရဲ့သမီးလေးကိုခေါ်ယူစောင့်ရှောက်ထားပြီးမှအသက်ပြည့်တာနဲ့ဆွဲစားပစ်ပြီးအနိုင်ကျင့်နှိပ်ခဲ့ပြီးနောက် သူထင်ထားတဲ့အရာတွေကတစ်ကယ်အမှန်တရား...