Part.6

3.7K 66 0
                                    

ထမင်းစားခန်းထဲတွင်....

ပန်းကလေး ဟင်းပန်းကန်တွေကိုစားပွဲပေါ်တင်ပေးပြီးနောက်ဆုံးဟင်းရည်ပန်းကန်လုံးကိုစားပွဲဆီယူလာစဥ်ပန်းကန်ကပူနေတာကြောင့်ရောဟင်းရည်ကပြည့်လုပြည့်ငင်ဖြစ်သွားတာရောကြောင့် ဂန္ဓဝင်နားအရောက်ကပန်းကန်ကဘောင်ဘင်ခတ်သွားပြီးသူမလက်ပေါ်ကိုဟင်းရည်တွေဖိတ်ကျပြီးထိုမှတစ်ဆင့်စားပွဲပေါ်တင်ထားတဲ့ဂန္ဓဝင်လက်ပေါ်အနည်းငယ်ဖိတ်စင်သွားလေ၏။

''အ့''

ပန်းကလေးကိုယ့်လက်ကအပူလောင်ရာကိုတောင်မေ့ပြီးလက်ထဲကပန်းကန်ကိုစားပွဲပေါ်တင်တစ်သျှူးကိုဆွဲယူ၍ဂန္ဓဝင်လက်ကိုသုတ်ပေးကာ

''တောင်းပန်ပါတယ်မမ မတော်တဆဖြစ်သွားတာပါ''

ထိုစဥ်ဦးစေကသူမအားပုခုံးကနေဆွဲလှည့်ပြီးတွန်းဖယ်ကာထိုအစ်မလက်ဖျံကိုကြည့်၍

''ရရဲ့လား ရဲတောင်ရဲသွားပြီ''

''ရပါတယ် ဘာမှမဖြစ်ဘူး''

စက်ကွင်း ပန်းကလေးဘက်လှည့်ကာ

''မင်းတော်တော်အသုံးမကျတာပဲပန်းကသစ်နီ မင်းလုပ်တဲ့အပြစ်မင်းသိလား''

ထိုနာမည်ကြားတာနဲ့ဂန္ဓဝင်ခေါင်းကထောင်မတ်သွား၏။

''ပန်းကလေးတမင်လုပ်တာမဟုတ်ပါဘူးဦးစက်ရယ် တစ်ကယ်မတော်တဆပါ''

''ဘာမတော်တဆလဲ နင်အချိုးမပြေလို့ဖြစ်တာလေ မင်းဒီညထမင်းမစားနဲ့''

ဒေါ်ထိပ်ထားကလည်း

''အောင်မာ ငါ့တူမကိုများမာရေကျောရေနဲ့ မင်းကိုယ်မင်းဘာထင်နေလဲစက်ကွင်း ကလေးကတမင်လုပ်တာလည်းမဟုတ်ပဲနဲ့''

''တမင်မလုပ်လည်းသူပေါ့ဆလို့ဖြစ်တာလေ''

တဖြည်းဖြည်းတင်းမာလာတဲ့မိသားစုစကားဝိုင်းကြောင့်ဂန္ဓဝင်ထိုင်ရာမှထကာ

''ကျွန်မအရင်ပြန်တော့မယ်စက် ကျွန်မဘာမှလည်းမဖြစ်လို့သူ့ကိုထပ်မဆူပါနဲ့တော့ ပန်းကသစ်နီနော်''

''ဟုတ်''

''ခွင့်ပြုပါဦး''

ပြောပြီးသူမထိုအိမ်ထဲမှထွက်လာခဲ့လိုက်၏။

You are mine [completed]Where stories live. Discover now