Part.12

3.5K 64 0
                                    

''ဦးစက် ဒီမှာဦးစက်အတွက်အဝတ်အစားထုတ်ထားပြီ''

သူ့အတွက်ဝတ်စုံလေးကိုလက်နှစ်ဖက်နဲ့ကိုင်ကာသူ့ရှေ့ထိုးလာသောပန်းကလေးအားသူပြုံးကာကြည့်လိုက်၏။

ရေချိုးပြီးခါစသူ့ဆံပင်တွေကရေစက်လက်ဖြစ်နေ၍ပန်းကလေးလက်ထဲကအဝတ်အစားတွေကိုကုတင်ပေါ်တင်ကာဦးစက်လက်ထဲကတဘက်ကိုယူပြီး

''ပန်းကလေးရေသုတ်ပေးမယ် ရလားဟင်''

သူမှန်တင်ခုံရှေ့ကခုံမှာထိုင်ကာ

''ခွင့်တောင်းစရာမလိုပါဘူး လာ''

''ဟီး ဟုတ်''

ဦးစက်ဆံပင်ဆီမှရလာတဲ့shampooနံ့လေးကမွှေးလွန်းတာကြောင့်ပန်းကလေးဦးစက်ဆံပင်အားဦးစက်အလစ်မှာခိုးနမ်းလိုက်မိသည်။
ဒါကိုဦးစက်ကမှန်ထဲကနေမြင်ဖြစ်အောင်မြင်သွားပြီးသူမကိုယ်လေးအားသူ့ပေါင်ပေါ်ထိုင်စေကာ

''ဘာလုပ်တာလဲ''

''တောင်း တောင်းပန်ပါတယ်ဦးစက် ဦးစက်ပန်းကလေးကိုစိတ်မဆိုးပါနဲ့နော်''

သူမစိတ်ထဲဦးစက်အရင်လိုပြန်ဖြစ်သွားမှာကြောက်မိတာပါ။
ဒါပေမယ့်ဦးစက်ကသူမရင်ခွင်ထဲတိုးဝင်လာပြီး

''နမ်းလေ မင်းကိုယ့်ဆံပင်ကိုနမ်းရတာကြိုက်တယ်မလား''

''တစ်ကယ်နမ်းရမှာလား''

''အင်း''

ပန်းကလေးဦးစက်လည်ပင်းအားအသာကိုင်၍ဦစက်ရဲ့ဆံပင်အားအသာနမ်းလိုက်သည်။
ယောကျ်ားလေးဆံပင်ဆိုပေမယ့်အရမ်းနူးညံ့သောဦးစက်ရဲ့ဆံပင်လေးတွေကိုပန်းကလေးတစ်ကယ်ပဲသဘောကျမိပါ၏။

''ရေသွားချိုးပြီးအဝတ်အစားသွားလဲ ကိုယ်နဲ့လိုက်ခဲ့''

''ဘယ်လဲ''

''ကုမ္ပဏီကိုပေါ့''

''တစ်ကယ်''

''အင်း လှလှလေးဝတ်ခဲ့ သွား''

''ဟုတ်ဦးစက်''

သူမတဘက်တစ်ထည်ကိုယူ၍ရေချိုးခန်းထဲလှစ်ခနဲပြေးဝင်သွား၏။

စက်ကွင်းလည်းအဝတ်အစားလဲပြင်ဆင်ပြီးသူမအတွက်အဝတ်အစားကိုပါထုတ်ပေးထားလိုက်၏။

You are mine [completed]Where stories live. Discover now