Part.8

3.6K 71 0
                                    


ပန်းကလေးအခန်းထဲကထွက်သွားတာနဲ့စက်ကွင်းသူနဲ့ပါလာတဲ့မိန်းကလေးနှစ်ယောက်နားကခွာပြီး

''ဒီအခန်းရဲ့ကြိုက်တဲ့နေရာမှာသွားနေကြ ကုတင်ပေါ်တော့တက်မလာကြနဲ့ နောက်ထပ်တစ်နာရီကြာရင်ပြန်ကြ''

သူမီးခံသေတ္တာထဲကပိုက်ဆံနှစ်အုပ်ကိုထုတ်ပြီး

''ဒီမှာ မင်းတို့အခကြေးငွေ''

မိန်းကလေးနှစ်ယောက်ကအူကြောင်ကြောင်နဲ့ပိုက်ဆံတွေကိုယူကာ

''ကျွန်မတို့ကိုဒီအတိုင်းဘာမှမလုပ်ပဲပိုက်ဆံအလကားပေးလိုက်တာလား''

''ဘာအလုပ်ခံချင်သေးလို့လဲ''

''.....''

''ငါကငါ့မိန်းမနဲ့ပဲအိပ်တာ ရှင်းလား ပါးစပ်ပေါက်တွေကိုပိတ်ပြီးအေးဆေးနေလိုက်''

ပြောပြီးသူကုတင်ပေါ်လှဲချကာနဖူးပေါ်သို့လက်တင်ထားရင်းမျက်လုံးတွေကိုမှိတ်ချလိုက်၏။
ထိုစဥ်သူ့အာရုံထဲပေါ်လာတာကပန်းကလေးရဲ့မျက်ရည်တွေနဲ့မျက်ဝန်းတစ်စုံ။

ပြီးတော့ဂန္ဓဝင်ပြောခဲ့တဲ့စကား

''ရင်ထဲမှာရခဲ့တဲ့ဒဏ်ရာတွေက တစ်ချိန်ကျရင်အမုန်းတရားကိုအားပြင်းစေတဲ့အရာတွေဖြစ်လာတတ်လို့ကျွန်မကစေတနာနဲ့သတိပေးတာပါ''

''ကျစ်''

သူကုတင်ပေါ်ကဆင်းကာ

''မင်းတို့ပြန်တော့''

'''အမ် တစ်နာရီကြာမှဆို''

''နားပါကြလား ခုချက်ချင်းပြန်ကြ''

''ဟုတ်ဟုတ်''

သူမတို့နှစ်ယောက်အခန်းထဲကကပျာကယာထွက်သွားကြတော့သူပါတစ်ပါတည်းအခန်းထဲမှထွက်လာကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

သူဧည့်ခန်းထဲရောက်တော့သူမကဆိုဖာပေါ်မှာခွေခွေလေးအိပ်နေ၍သူအနားကိုတိုးသွားကာ​ခြေဖျားထောက်ထိုင်ချရင်းသူမကိုနှိုးမလို့လက်မောင်းကိုကိုင်လိုက်စဥ်သူမအသားတွေကပူခြစ်နေ၍သူမျက်လုံးပြူးသွားပြီးနဖူးနဲ့ပါးတွေကိုပါကပြာကယာစမ်းကြည့်လိုက်မိ၏။

''ပူခြစ်နေတာပဲ ပန်းကသစ်နီ ပန်းကသစ်နီထစမ်း ပန်းကလေး ဟေ့''

You are mine [completed]Where stories live. Discover now