''ကောင်းပြီလေ နှုတ်ခမ်းကိုမနမ်းတော့ဘူးမျက်လုံးမှိတ်ထား''

ဒီတစ်ခါတော့ပန်းကလေးအထွန့်မတက်ရဲတော့ပဲမျက်လုံးတွေမှိတ်ချလိုက်၏။

သူမမျက်လုံးမှိတ်မှိတ်ချင်းမှာပဲ သူမနဲ့ဦးစက်ရဲ့ပထမဆုံးညတုန်းကခံစားချက်မျိုးသူမပြန်ရလိုက်သည်။

သူမလက်တစ်ဖက်ကသူ့ခေါင်းကိုလာကိုင်တာကိုစက်ကွင်းသိပေမယ့်လျစ်လျူရှုထားကာဒီညသူမအားစားသုံးဖို့ပဲဦးတည်နေ​လိုက်၏။

အခန်းထဲမှာလူနှစ်ဦးရဲ့အသက်ရှူသံနဲ့ညီးသံကလွဲလို့အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လို့။

💞💞💞

ညကဦးစက်ကသူမအားပေးမအိပ်၍နောက်နေ့နေ့လည်ကျမှပန်းကလေးအိပ်ရာကနိုးလာသည်။

သူမနိုးနိုးချင်းရေချိုးဖြီးလိမ်းပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်၏။

''သမီး နိုးပြီလား''

အောက်ထပ်ရောက်ရောက်ချင်းဒေါ်လေးကမေးသည်။

''ဟုတ်''

''မနေ့ကဘာတွေဖြစ်ခဲ့ကြတာလဲ စက်ကွင်းကလည်းဘာမှမေးလို့မရဘူး''

ပန်းကလေးဘာမှပြန်မဖြေမိပဲညကဦးစက်ဟိုလူနှစ်ယောက်ကိုနှိပ်စက်နေတဲ့မြင်ကွင်းကမျက်လုံးထဲပြန်ပေါ်လာပြီးလူကကြက်သီးထသွားရသည်။

''သမီးမဖြေချင်လည်းထားပါ လာ နေ့လည်စာစားရအောင် ဗိုက်ဆာရောပေါ့ လာသမီး''

''ဟုတ်ကဲ့''

ပန်းကလေးနေ့လည်စာကိုလည်းသုံးလေးဇွန်းသာစားပြီးခြင်းကုံးလေးတစ်ခုကိုယူကာအိမ်ထဲမှထွက်လာခဲ့သည်။

ပြီးတာနဲ့စံပယ်ပန်းပင်တွေရှိရာဆီရောက်လာပြီးစိတ်ပြေလက်​ပျောက်ပန်းခူးနေလိုက်၏။

သူမစိတ်ထဲဘာတွေဖြစ်နေမှန်းကိုယ့်ကိုယ်ကိုမသိသလိုဘာတွေမတင်မကျဖြစ်နေမှန်းမသိ။

''ဟင်းးး''

သက်ပြင်းတွေချလိုက် ပန်းတစ်ပွင့်ခူးလိုက် နောက်ထပ်သက်ပြင်းထပ်ချလိုက် ပန်းတစ်ပွင့်ခူးလိုက်နှင့်သူမအလုပ်ရှုပ်နေတုန်း

You are mine [completed]Where stories live. Discover now