''မစားချင်ဘူးတီတီ''

ထိုစဥ်သူတို့ဦးလေးက ကလေးမလေးတစ်ယောက်ကိုချီကာအိမ်ထဲဝင်လာပြီး

''ထိပ်ထား''

''ကိုလတ် ဘယ်ကကလေးလဲ''

ဦးမင်းထက်ကမျက်စိပျက်မျက်နှာပျက်နှင့်

''ဟို ရွှေစင့်ရဲ့သမီးလေး''

ထိုနာမည်ကြားတာနဲ့နေ့စက်ကွင်းခေါင်းထောင်ကြည့်ကာအစကဝမ်းနည်းနေတဲ့သူ့အသွင်အပြင်ကချက်ချင်းပဲကျားရဲတစ်ကောင်လိုပြောင်းလဲသွားပြီးလက်ထဲကဓာတ်ပုံကိုရှေ့ကစားပွဲပေါ်တင်၍ဦးလေးဖြစ်သူလက်ထဲကကလေးကိုလက်လွှဲယူကာကြမ်း​ပြင်ပေါ်မတ်တပ်ရပ်စေပြီး

''မယားငယ်မရဲ့သမီး နင့်အမေကြောင့်ငါ့အမေသေတာ နင့်အမေကြောင့် ကြားလား''

''အဟင့် အဟင့် အီးဟီး ဟီး''

နှစ်နှစ်သာသာပဲရှိသေးသောကလေးလေးအားသူမညှာမတာဆွဲရမ်းပစ်တော့ဒေါ်သက်ထားမျက်လုံးပြူးမျက်စံပြူးနဲ့သူ့တူလက်ထဲကနေကြောက်အားလန့်အားအော်ငိုနေသောကလေးလေးအားကောက်ချီ၍

''စက်ကွင်း မင်းဘာလုပ်တာလဲ ကလေးကဘာသိမှာလဲ''

''ခုချက်ချင်းခေါ်သွား အဲ့ကလေးမျက်နှာကိုမမြင်ချင်ဘူး ခေါ်သွား''

ထိုအခါဦးမင်းထက်က

''ခေါ်သွားလို့မရဘူးငါ့တူ ရွှေစင်ဆုံးသွားပြီ မင်းမိဘတွေဆုံးသွားပြီနောက်နေ့မှာပဲနှလုံးအမောဖောက်ပြီးဆုံးသွားတာ သူတို့မှာဘာဆွေမျိုးသားချင်းမှလည်းမရှိဘူး ပန်းကလေးကိုငါတို့စောင့်ရှောက်ရမယ်''

''ပန်းကလေး''

''ကလေးနာမည်ကပန်းကသစ်နီတဲ့''

''အဟက် သူ့ဘာသာဘာဖြစ်ဖြစ်ကျွန်တော်စိတ်မဝင်စားဘူး သူ့ကိုမိဘမဲ့ကျောင်းပို့လိုက်''

ဒေါ်သက်ထားကလေးကိုချော့နေရင်းမှ

''ဘယ်ဖြစ်မှာလဲ ဒီကလေးကမင်းအဖေရဲ့ကလေးလေ မင်းညီမလေး''

''မဟုတ်ဘူး ဘာညီမမှမဟုတ်ဘူး အမေရောသမီးရောမကောင်းဆိုးဝါးတွေ အရိုးထဲထိမုန်းတယ်''

You are mine [completed]Where stories live. Discover now