Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ

Start from the beginning
                                    

ချီချင်းမှာ ရှဲ့လင်ပြောသည့်အတိုင်း တကယ်ပင် စိတ်မရှည်ဖြစ်ကာ စိတ်ထဲမှ ပွစိပွစိ ပြောနေသည်။
" အခုထိ မပြီးနိုင်သေးဘူး"

ထို့နောက် တံခါးဝမှ ရှဲ့လင်ကိုကြည့်၍ ပြောလိုက်သည်။
" စကားပြောလို့ အားမရ‌သေးရင် အထဲပြန်ဝင်သွား.. အားရအောင်ပြောခဲ့"

ရှဲ့လင်တစ်ယောက် ကြောင်အသွား၏။
" မင်း စကားကို ဒီလိုပြောရင်..."

ချီချင်း : "???"

ရှဲ့လင် : " ကိုယ့်ကို သဝန်တိုနေတယ်လို့ ထင်မိတော့မှာပဲ"

ချီချင်း : " ..."

ဒီလူ တော်တော်လေး ရူးနေတာပဲ..

ဘယ်သူက သဝန်တိုရမှာလဲ..

သူ ထုတ်မပြောသော်လဲ ရှဲ့လင်က သူ့စိတ်ကို သိပုံရကာ ထပ်ပြောလိုက်သည်။
" မင်းအတွက်လဲ ကိတ်ဝယ်လာပါတယ်... မင်း ကြိုက်တာကို ရွေး.. ကျန်တာကို သူတို့အတွက် သွားပို့ပေးရအောင်"

ရှဲ့လင်နှင့် ချီချင်းတို့နှစ်ယောက်လုံးက CCTV ပေါ်တွင် လူသတ်သမား ပေါ်မလာနိုင်ဟု ယူ‌ဆကြသော်လဲ မှတ်တမ်းကိုတော့ စစ်ဆေးရမည်ဖြစ်၏။ ထို့ကြောင့် CCTV စောင့်ကြည့်ခန်းထဲတွင် ညနေအထိ သူတို့ရှိနေကြရသည်။ ကိတ်မုန့်ကို အရသာပင် မခံနိုင်‌ပဲ စားခဲ့သော ကျိမင်ရွေ့တစ်ယောက် အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

" ဒီနေ့တော့ ဒီလောက်ပဲ... မှတ်တမ်းတွေက ပြီးသလောက်နီးပါးရှိနေပြီ"
ကျိမင်ရွေ့မှာ နှာခေါင်းရိုးကို လက်နှင့် နှိပ်နေသည်။
" ချိန်းထားတာမရှိရင် ညစာအတူစားရအောင်လေ..  ငါ ကျန်းယွီကို လှမ်းခေါ်လိုက်မယ်.. ငါတို့အတူ ညစာမစားရတာ ကြာပြီ"

အဓိကအကြောင်းရင်းကတော့ ကျန်းယွီက သူ့အိုင်ဒေါကို တွေ့ချင်လွန်း၍ တဖွဖွ ပူဆာနေသောကြောင့်ပင်။ ' ငါလဲ CCTV မှတ်တမ်း လိုက်ကြည့်လို့မရဘူးလား ဘာလို့ ငါ့အိုင်ဒေါနဲ့ ငါ့ကို ခွဲထားကြတာလဲ' ဟု နားငြီးအောင် ပြောဆိုပြီးသည့်နောက်တွင် ဒီည ညစာလေးတော့ အတူစားရအောင်ဟု ကျိမင်ရွေ့ကို အကူအညီတောင်းလာခဲ့သည်။

ချီချင်းက ရှဲ့လင်၏ လက်ထောက်ဖြစ်သည့်အတွက် ညစာသွားစားခြင်း မစားခြင်းက ရှဲ့လင်အပေါ်တွင်သာ မူတည်နေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now