Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ

Start from the beginning
                                    

ရန်ချင်းလဲ ကိတ်မုန့်ကို သေသေချာချာ ထုပ်ပိုးရင်း ပြန်ဖြေ၏။
" ဒီအလုပ်က ကျွန်မလုပ်နေကျပဲလေ.. ပြီးတော့ ဒီဘက်မှာက အရင်နေရာထက်ပိုပြီး သွားရလာရတာလဲ အဆင်ပြေတယ်... ဒါပေမဲ့ တစ်ခုပဲ..  အိပ်ရာကနိုးလာရင် အားကုန်ကုန်နေသလို ခံစားရတာတော့ ဘာလို့လဲမသိဘူး"

" ဆောင်းတွင်းမို့လို့ အစောကြီးမထနိုင်တာ ဖြစ်မှာနော်.. ဒါမှမဟုတ် အိမ်ပြောင်းလိုက်ရလို့ ပင်ပန်းနေတာကြောင့်လား"
ရန်ချင်းက ကိတ်မုန့်ကို တစ်စိပ်စီ ထုပ်ပိုးကာ ဖဲကြိုးလေးပင် ချည်ပေးလိုက်သေးသည်။ ပြုံးရယ်နေသော်လဲ ပထမဆုံးတွေ့သည့်အချိန်ကလောက် စိတ်ကြည်လင်နေပုံမပေါ်။
" နေရာအသစ်ဆိုတော့ အသားကျအောင် အချိန်ယူရမှာပေါ့"

" ဆေးခန်းတွေဘာတွေရော သွားကြည့်သေးလား"
ဆံပင်စည်းထားသော်လဲ နားရွက်နောက်မှ မစည်းမိပဲ ကျန်နေခဲ့သော ဆံပင်အချို့ကို ကြည့်ရင်း ရှဲ့လင်က မေးလိုက်သည်။

ရန်ချင်း : " အလုပ်က ပိတ်ရက်မရှိသေးဘူးလေ.. ပြီးတော့ ဆေးခန်းအထိ သွားစရာလဲ မလိုပါဘူးရှင်.. ဒီအတိုင်းပဲ ဖြစ်နေကျပါ.. ကြီးကြီးမားမားတော့ မဟုတ်လောက်ပါဘူး"

သူမက အသေးစိတ်မပြောပြသော်လဲ မိန်းကလေးအတော်များများ စိတ်‌အခြေအနေမကောင်းခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်းများတွင် အကြောင်းရင်းနှစ်ခုရှိနိုင်သည်ကို ရှဲ့လင်သိထား၏။ သွေးအားနည်းခြင်းနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်း။

ရှဲ့လင်လဲ ဘာမှဆက်မမေးတော့။ သို့သော် ပြန်ထွက်လာသည့်အချိန် ကိတ်မုန့်တစ်ခုကို ကောင်တာပေါ် တင်ထားခဲ့သည်။ ရန်ချင်းလဲ ကြောင်အစွာနှင့် လှမ်းခေါ်လိုက်သည်။
" လူကြီးမင်းရှဲ့..."

'ပစ္စည်းကျန်ခဲ့တယ်' ဟု ပြောတော့မည်အလုပ် ရှဲ့လင်က တံခါးတွန်းဖွင့်၍ ပြန်ပြုံးပြရင်း သူမကို ပြောလိုက်သည်။
" အဲ့ဒါက ခင်ဗျားအတွက်ပါ.. အရင်တစ်ခေါက် ခင်ဗျားအိမ်ပြောင်းလာတုန်းက လက်ဗလာနဲ့လာခဲ့ရလို့ အားနာလို့ပါ... မငြင်းပါနဲ့‌ဗျ.. ပြီးတော့ ကျွန်တော်အရမ်းကြာနေရင် အပြင်ကတစ်ယောက် စိတ်ရှည်တော့မှာမဟုတ်ဘူး.. ကိတ်မုန့်ရွေးပေးလို့ ကျေးဇူးပါဗျ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now