အပိုင်း ၄

Start from the beginning
                                    

သူမ ခြေလှမ်းနှစ်လှမ်းကို လှမ်းလိုက်ချိန် ယိမ်းထိုးသွားကာ သူမ၏ အမြင်အာရုံက မည်းမှောင်သွားပြီး ဟန်ချက်ညီအောင် သူမနှင့် အနီးဆုံး ကုလားထိုင်ကို လှမ်းဆွဲလိုက်သည်။

သူမ မေ့မလဲခင် ၎င်းကိုကာကွယ်ရန် သူမဝမ်းဗိုက်ကို လက်ကို အုပ်လိုက်သည်။

ရှောင်ကျွင်းက သူမ မေ့လဲသွားတာကို အကူညီမဲ့စွာ ကြည့်နေခဲ့ရသည်။ သူ့မျက်လုံးတွေက စိုးရိမ်တကြီး နီရဲလာခဲ့သည်။ သူက​ တောင်ခြင်္သေ့တစ်ကောင်လို ခုန်ထကာ နံရံကို ဆောင့်ကန်လျက် သူမ နာမည်ကို အားကိုးရာမဲ့ တင်းမာစွာ အော်လိုက်သည်။

"ရှရှ! ဘာဖြစ်တာလဲ ရှရှ!! တစ်ယောက်ယောက်လာပြီး သူမကို ကယ်ပါ!!"

သူ့ ပေါက်ကွဲသံက ထောင်စောင့်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က လျင်မြန်စွာ ဝင်လာပြီး သူ့လက်များကို အနောက်ဘက် လိမ်ကာ စားပွဲပေါ် မှောက်ထားကြသည်။

ရှောင်ကျွင်းက ရုန်းကန်နေဆဲပင်။ သူ တင်းရှ၏ အခြေအနေကို ကြည့်ရန် ခေါင်းငုံ့လိုက်သော်လည်း သူမ မျက်နှာကို မမြင်ရဘဲ အေးစက်သော ကြမ်းပြင်ပေါ်၌ ပိန်ပိန်ပါးပါး ပုံရိပ်လေး ပြိုလဲနေတာသာ မြင်လိုက်ရသည်။

ထိုအချိန်တွင် ရှောင်ကျွင်းက သူ့ စွမ်းအားမဲ့မှုကို ပြင်းပြင်းထန်ထန် မုန်းတီးခဲ့သည်။

ရဲသားလေး ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားပြီး တံခါးဖွင့်လာချိန် တင်းရှကို တွေ့သွားကာ သူမကို ပွေ့ချီလျက် ဆေးကုသခန်းဆီ ပြေးသွားခဲ့သည်။

ရှောင်ကျွင်းက အခုမှ ငြိမ်သက်သွားခဲ့ပြီး သူ့ ရုန်းကန်မှု တွေ ရပ်သွားသည်။ "ငါ့မိန်းမ နေမကောင်းဘူး။ ငါ သူမကိုတွေ့ဖို့ ဆေးရုံသွားလို့ရမလား"

ထောင်အစောင့်တွေက သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားပြီး ချုပ်နှောင်ထားမှုကို မဖြေလျော့ရဲပေ။ ဒီကောင်က အရမ်းရိုင်းပြီး သူ့ရဲ့ ကိုယ်ခံပညာစွမ်းရည်ကလည်း ကောင်းသည်။ သူ့ကို ခဏလောက် လွှတ်ထားလိုက်ရင် ဒုက္ခအကြီးအကျယ်ရောက်မှာ သေချာသည်။

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း (ဘာသာပြန်)Where stories live. Discover now