"" ငါ့အတွက်ဒီတစ်ခါအဆင်မပြေဘူး။ချမှတ်ထားတဲ့ Target နဲ့လုပ်နေရတဲ့အရာကမမျှဘူး ချန်ဒလာ။ ငါနောက်တစ်ခုကိုရှေ့ဆက်လိုက်ရင်လုပ်ပြီးသားအရာတွေက တစ်နေရာမဟုတ်တစ်နေရာ လစ်ဟာသွားတယ် ။ လုပ်နေရင်းအမှားတိုင်းကလည်းဆက်တိုက်ပဲ ဘယ်နေရာကလွဲ,လွဲသွားလည်းမသိတော့ဘူး ""

"" .... ""

"" ငါဒီတိုင်းဌာနမှူးကို အကျိုးအကြောင်းပြောပြီး Project ပြန်အပ်လိုက်ရင်ကောင်းမယ်ထင်တယ်။ဒါကြီးက ငါ့အတွက်တကယ်မလွယ်ကူဘူးချန်ဒလာ။အလွဲလွဲအချော်ချော် မဖြစ်ခင်ပြန်အပ်လိုက်ရမလားလို့လေ ""

သူကသာ ပြောနေရတာချန်ဒလာကနားထောင်နေရဲ့လားတောင်မသိ။ All Black ကိုဝတ်ဆင်ထားကာ လက်မှာလည်း Rolex နာရီကိုပတ်ထားလေသည်။ထို့နောက်ခေါင်းရင်းမှာထားထားသည့် ဖန်ခွက်ကိုယူလိုက်ကာ သူအခန်းထဲဝင်လာကတည်းကတစ်ခါထဲယူလာပုံထင်ရသည့်အရက်ပုလင်းထဲကအရက်တစ်ချို့ကိုဖန်ခွက်ထဲသို့ပြောင်းလဲထည့်‌နေပြန်သည်။တကယ်ပါသူပြောတာ တကယ်အာရုံမရှိပေါ်။ သူ့ကိုနည်းနည်းလေးတောင်ပြန်မကြည့် အရက်ခွက်ကို,ကိုင်ကာသူ့အလုပ်စားပွဲထိုင်ခုံမှာခြေချိတ်ကာဝင်ထိုင်နေပြန်သည်။လက်မှာကိုင်ထားသည့်အရက်ခွက်ကိုလည်း တစ်ဖြေးဖြေးလှုပ်ရမ်းရင်း ...

"" လွယ်လွယ်ကူကူရတဲ့အရာဆိုတာမရှိဘူး။ လွယ်လွယ်ကူကူရတဲ့အရာတိုင်းကလည်းဘယ်တော့မှကြာရှည်မခံဘူး ! ""

"" ဒါမယ့် .. ငါ ""

"" ကိုယ့်,ကိုယ်ကို ဘယ်တော့မှအထင်မသေးနဲ့ !
ခင်ဗျားက ခင်ဗျားထင်ထားတာထက် အရာရာကိုရင်ဆိုင်နိုင်တဲ့လူ ! အတွေးတွေကလိုတာထက်ပိုလာရင် အလုပ်တွေကိုနှောင့်နှေးနေစေလိမ့်မယ် ခင်ဗျားအတွေးတွေကို ထိန်းချုပ်ထား !! professional jewellery designer ကခင်ဗျားရည်မှန်းချက်ဆို ရည်မှန်းချက်အကြီးကြီးထား သေးသေးလေးကနေစလုပ် ဝါသနာနဲ့ရည်မှန်းချက်ထပ်တူကျနေရင် သေးနုတ်တယ်ဆိုတာမရှိဘူး လဲကျတဲ့အခါရှိနိုင်သလို ပြုတ်ကျတဲ့ခါလည်းရှိနိုင်တာပဲ ပြုတ်ကျရင်ပြန်တတ် အေး ပြုတ်ကျလို့ထပ်ရိုက်ချခံရလည်း မရောက်မချင်းတတ်ပေါ့! ""

CHANDLER { Ongoing }Where stories live. Discover now