Part15

35 5 0
                                    

Unicode

Flashback

​လေဆိပ်​ရောက်​တော့ မီက "ကျွန်မတစ်​ယောက်တည်းသွားရမယ်ဆို​တော့ နည်းနည်းအထီးကျန်သလိုပဲ။​အေး​လေ ကျွန်မတို့က တကယ်မှမဟုတ်ကြတာ။​သေချာ​ပေါက်အတူရှိစရာမလိုဘူး​ပေါ့။ကျွန်မသာ ပြင်သစ်ကို​ရောက်ပြီး ပြန်မလာချင်​တော့ရင် ရှင့်အစီစဥ်​တွေ ဘယ်လိုလုပ်မှာလဲ ကျစ်ကျစ်"

မီက လက်ပိုက်ထားပြီး စ​နောက်သလိုနှင့်​ခေါင်းခါ​ဝေဖန်​နေသည်။သူမရဲ့ပြင်သစ်သားရည်းစားကို ဂျုံအင်းနှင့်မိတ်ဆက်​ပေးထားပြီး ဒီအိုအားချုပ်ကိုင်ရန် ဂျုံအင်းဘက်က အ​ပေးအယူလုပ်လာခဲ့သည်။ပြင်သစ်က ချစ်သူကို မီအ​ဖေက ကိုရီးယားလူမျိုးမဟုတ်သဖြင့် အပြင်းအထန်ခွဲခဲ့သည်။သူမက လွတ်လပ်ခြင်းတရားကို ဘဝတစ်ခုလုံးရှာ​ဖွေ​နေသူပီပီ မိဘ​တွေ​ဝေးရာကိုသာ ​တောင့်တ​လေသည်။ယခု ဂျုံအင်းဖခင်ထံမှ ရထား​သောလုပ်ငန်းတို့က သူမပြင်သစ်မှာ ဘဝသစ်ထူ​ထောင်ရန်လုံ​လောက်သည်။

"တစ်လ​လောက်​နေပြီးမှ ပြန်လာခဲ့​ပေါ့။လုပ်စရာ​တွေကျန်​သေးလို့ ပြန်လာမှ​တော့ဖြစ်မယ် သိတယ်မလား"

သူမက မျက်စိများပိတ်သည်ထိ ရယ်လိုက်ပြီး ဂျင်းစကပ်အရှည်ကို ကြွရွစွာဆွဲတင်ရင်း ထွက်သွားသည်။

ထို့​နောက် ဒိုဒီအိုကို ကားအနက်တစ်စီးဖြင့် သူမသိ​အောင် ​ချောင်း​မြောင်း​နေခဲ့သည်။သူ့အတွင်း​ရေးမှူးက ဂျုံအင်းကားမှန်း မသိ​သော်လည်း သတိထားမိ​နေသည်။ဒီအိုကို ​ပြောပြ​တော့ ခါတိုင်းမ​ကျေနပ်သည့်အလုပ်သမား​တွေက ​ရိုက်သတ်ရန်​ချောင်း​လေ့ရှိသဖြင့် လွှတ်ထားရန်​ပြောလာသည်။သူ့စိတ်ကလည်း ဤအရပ်​ဒေသ၌ လုံးလုံးရှိမ​နေ​သော​ကြောင့် ထိုပမွှား​လေး​တွေကို ကိုင်တွယ်ရန်အာရုံမထားခဲ့​ပေ။

Flashback end

မီသည် အဖြစ်မှန်သမျှကိုသိ​သော်လည်း ညီအစ်ကိုမဟုတ်ဟူ​သော အမှန်တရားက​တော့ အ​ဖေနှင့်ဂျုံအင်းသာ သိထားသည်။

အိပ်​နေရင်းပင် ဂျုံအင်းက ​ရေမွန်းသည့်ခံစားချက်ကိုရသည်။သူ့ကိုစိတ်ဆိုးစွာကြည့်​နေ​သော မျက်နှာဝိုင်းဝိုင်းကို ​ရေ​အောက်က​နေမြင်​နေရသည်။ထိုက​လေးမျက်ဝန်းထဲက​နေ မျက်ရည်​တွေကျ​နေသည်။

ရေစက်ဆိုးတစ်ခု ဖန်တီးခြင်းWo Geschichten leben. Entdecke jetzt