1(UniZaw)

273 15 2
                                    

'လူတိုင်းက ကျွန်တော့်လုပ်ရပ်ကို မှားတယ်လို့မပြောရဲကြဘူး။ဒီလောကမှာ သူတစ်ယောက်ပဲ ကျွန်တော့်ကို လက်ညှိုးထိုးလို့ရတယ်။ဒီအို ခင်ဗျားတတ်နိုင်တာက ဒါပဲရှိတာလေ'

Flash back
ကင်မ်ဆိုတဲ့ အစေခံတစ်ယောက်ကို မောင်းထုတ်ခဲ့သည်မှာ ရက်သတ္တပတ်ခန့်ရှိပြီ။သို့သော် နေ့တိုင်း ခြံတံခါးဝမှာ ကလေးတစ်ယောက်နှင့်လာလာစောင့်နေတတ်သည်။ပိန်ချုံးနေသော ၁၆နှစ်အရွယ်ကောင်လေးက ဒီအိုကားအား စူးစူးရဲရဲစိုက်ကြည့်နေသည်။ဒီအိုက မမှုပေ။နှစ်ယောက်ပိတ်နေသောနေရာကိုမရှောင်ဘဲ ဝင်တိုးလိုက်သဖြင့် ချိနဲ့နဲ့ အဖိုးကြီးမှာ ဖယ်လိုက်ရသည်။ထိုကောင်လေး၏မြေခွေးလို မျက်ဝန်းတို့သည် ပိုစူးရှကာ အရှိန်နှင့်ထွက်သွားသောကားကို ကြည့်လိုက်သည်။

"အဖိုး ဒီလူကြီးကို ဘာတွေများ တောင်းပန်နေရမလဲ။သူ့ခွေးကိုအဖိုးက တမင်သတ်တာလည်းမဟုတ်ဘူး"

"အင်း ဂျုံအင်း ခွေးက အဖိုးဆေးသုတ်နေတဲ့လှေကားကိုလာတိုက်မယ်လို့ဘယ်သူသိမလဲ"

"သူကတောင်အဖိုးကိုဆေးကုပေးရမှာ။အဖိုးက အခုခြေထောက်လည်းမကောင်းတော့ဘူး သူ့ခွေးကြောင့်ပဲ"

"ဂျုံအင်း နားထောင်။အဖိုးတို့မှာ နေစရာယာယီငှားနေပြီး အဖိုးကဒုက္ခိတ မြေးကငယ်သေးတယ်။ဘာအလုပ်လုပ်စားကြမလဲ။အပြင်လောကမှာ သူဌေး၊သူခိုး၊အစေခံနဲ့ ဆင်းရဲသားတွေပဲရှိတာ။အဖိုးတို့ကဘယ်ရောက်ရောက်မထူးဘူး။အနည်းဆုံး သူဌေးလေးက လစာအများဆုံးပေးနိုင်တဲ့ပြင် ဝန်ကြီးချုပ်ထက်သြဇာရှိတဲ့သူပဲ။သူ့လက်အောက်မှာအစေခံလုပ်ရတာပိုလုံခြုံတယ်"

"အခုက အိမ်ထဲတောင်မဝင်ရတာကို ဘယ်လိုလုပ်မလဲ"

အဖိုးသည် ဂျုံအင်းရဲ့ပုခုံးကိုကိုင်ရင်း စိတ်ပူစွာပြောလာသည်။

"ဂျုံအင်း အဖိုးတို့အခုလုပ်ရမှာတစ်ခုတည်းပဲ။သားကိုပဲအားကိုးရမယ်"

ညဘက်၁၂နာရီခန့်၌ ဒီအိုပြန်လာခဲ့သည်။ပါတီမှသောက်လာသောဝိုင်တချို့ကြောင့် ရီဝေဝေနှင့် အရာရာက နှစ်ထပ်ဖြစ်နေသလိုပင်။

ရေစက်ဆိုးတစ်ခု ဖန်တီးခြင်းWhere stories live. Discover now