Unicode
ဒီအိုရဲ့ နားတွေဆီပေါက်ကြားစေဖို့ ဂျုံအင်း သိပ်မကြိုးစားလိုက်ရပေ။ခုရက်ပိုင်းများတွင် ဒီအိုက စောပြန်လာနေသည်။ဂျုံအင်းကို အစဥ်လာမပြတ် စာလုပ်မလုပ်မေးမြန်းပြီး သူ့အိပ်ရာထဲသူဝင်သွားလေ့ရှိသည်။မီက ဂျုံအင်းကို မနက်တိုင်း စာပို့သည်။ဂျုံအင်းက ဖုန်းသိပ်မသုံးဖြစ်၍ ညဘက်လောက်သာ စာပြန်သည်။
မီကို ဂျုံအင်းက အတ္တအတွက်အသုံးချမိနေသည်။လူတစ်ယောက်ရဲ့ခံစားချက်များကို လိမ်လည်လှည့်စားခြင်းက ဘယ်လောက်အပြစ်ကြီးလဲ ဂျုံအင်းမသိပေ။သူ့အတွက် ဒီအိုထံမှ မျက်နှာကြောလျှော့ပြီးလေသံပျော့သွားမှုကို လိုချင်သည်။အသက်ကြီးသူက အမြဲတမ်း အတွေ့အကြုံနှင့်အနိုင်ယူခြင်းကို ဂျုံအင်းမနှစ်မြို့ပေ။မီကို ရင်းနှီးသောသူငယ်ချင်းအဖြစ်သေချာပေါင်းထားသည်ကလွဲ၍ တခြားနစ်နာစေအောင် ဘာမှမရှုပ်ထားပေ။
'ခံစားချက်တွေကို ကစားရတာ အပြစ်သိပ်ကြီးတယ် ဦးလေးကြီး'
ခဏအကြာ ဒီအိုသည် စာဖတ်ခန်းထဲဝင်လာသည်။ထုံးစံအတိုင်း ဂျုံအင်းရဲ့ ဂုတ်မရောက်တရောက်ဆံပင်တိုစများကို နမ်းရှုံ့ရင်း တင်းတင်းဖက်ထားသည်။
"ဘာဖြစ်လို့လဲ ဦးလေးကြီး"
စိတ်ထဲ၌
'ဟန်ဆောင်မနေတော့ဘဲ သဝန်တိုပြီး ရန်ဖြစ်လိုက်ပါလား ခင်ဗျားရယ်'"ဘာမှမဖြစ်ဘူး ဒီတိုင်းဖက်ထားချင်လို့ပါ။ဒါနဲ့ ဂျုံအင်း ကျောင်းပြန်ဖွင့်ရင် ပြိုင်ကားစီးမှာလား"
"ကြည့်ရတာ ကျွန်တော့်အတွက် ပြိုင်ကားမှာထားပြီထင်တယ်"
ဂျုံအင်းသည် ဒီအိုရဲ့လက်ကိုပြန်ဖက်တွယ်ရင်း ပြုံးစစ နောက်လိုက်သည်။ကားလုပ်ငန်းမှ နောက်ဆုံးပေါ်အကန့်သတ်နှင့်ထုတ်ထားသောကားကို ဂျုံအင်းတစ်ရက်က ပြောထားသည်။သူတို့နှစ်ဦးသားသည် ထိပ်တိုက်ပြသနာကို နေ့စဥ်ရှောင်ကာအချိန်ဆွဲနေကြသည်။ထိုအစား တခြားပြသနာမရှိလောက်သော အရာတွေကိုစကားလုပ်ပြောသည်။စိတ်တစ်ဖက်ခြမ်းကနေ ဂျုံးအင်းမှာ ရန်မဖြစ်လိုသောဆန္ဒလေး ရှိသည်။
YOU ARE READING
ရေစက်ဆိုးတစ်ခု ဖန်တီးခြင်း
Fanfictionလူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုဖြစ်ရတာ မုန်းဖို့ကောင်းတယ်။တစ်ယောက်ကတော့ အသုံးချခံရတဲ့ခံစားချက်မှာသာယာနေပြီဖြစ်တယ်