Part13

41 4 2
                                    

Unicode

သူအိမ်​တော်ကို သွားပြီး အ​ဖေနဲ့​တွေ့သည်ဟု ကြားပြီး​နောက် ဒီအိုရဲ့ အ​တွေးတို့အ​မှောင်ထဲကျသွားသည်။ ပြဇာတ်တစ်ခု၏ ​ကောင်းခန်းကို ရုတ်တရက် မီး​တွေပိတ်ချခံလိုက်ရသကဲ့သို့ အခန်းထဲဝင်​ခွေ​နေသည်။အလုပ်​တွေအ​ကြောင်းလည်း ​ခေါင်းထဲက​နေ​ပျောက်ကွယ်ကုန်သည်ထိ ကင်ဂျုံအင်းကို ​ကြောက်​နေသည်။

'မင်းတစ်ခုခု လုပ်မှာကို​ကြောက်တာမဟုတ်ဘူး။အမှန်တရားကိုသာသိသွားရင် ငါ​ကမ်းခဲ့တဲ့လက်​တွေကို ညစ်ပတ်တယ်လို့ သိမ်းကြုံးမှတ်ယူသွားမှာကို​ကြောက်တယ်။အစတည်းက တကယ်မချစ်ဘဲ ပြိုင်ဘက်လိုသ​ဘောထား​နေတဲ့ ​ကောင်ငယ်​လေးကိုနောက်ထပ်​ကောင်း​ပေးရင်​တောင် အဆိုးဘက်ကပဲ မြင်သွား​တော့မယ်။ငါ​ပြောတာ​တွေကို လိမ္မာနာခံ​တော့မှာမဟုတ်ဘူး'

ထင်ထားသည်နှင့်​တော့ အနည်းငယ်ကွာခြားခဲ့သည်။ဒိုဒီအို​မွေးခဲ့​သော ​ကင်ဂျုံအင်းက ထပ်ထိ​တွေ့ဖို့ ဝန်မ​လေးဘဲ ပို၍ရဲတင်းလာသည်။ဒီအိုအတွက် အိပ်ယာထက်မှကိစ္စများကို တခြားသူနှင့်ဆိုလျှင် သာမန်အ​ပျော်တမ်းအားကစား​လောက်သာသတ်မှတ်ထားသည်။ကင်ဂျုံအင်းနှင့် ဆိုလျှင်​တော့ မတူ​ပေ။ချစ်သူ၊လင်မယား၊ရင်းနှီးသောမိသားစုဝင်ဟူ​သော ခံစားချက်ကိုရသည်။ကင်ဂျုံအင်းက ထူးခြားသည်။​တခြားသူများလို money boy​ မလုပ်​ပေ။​ငွေယူပြီးဇိမ်မခံ​ပေ။

အလုပ်​​တွေကိုပါ စိတ်ဝင်တစားသင်ယူသည်။
ဒီအို၏အနာဂတ်ပြိုင်ဘက်ဖြစ်လာမည့်သူလိုပင်။သူအလုပ်လုပ်တိုင်း ဂျုံအင်းကိုထည့်စဥ်းစားရသည်အထိ စိုးမိုးသည်။

ငယ်ငယ်​လေးနှင့် ကားကုမ္ပဏီကို ကိုယ်တိုင်​မော်ဒယ်လုပ်ပြီး ပရိုမိုးရှင်းဆင်းသည်။ဒီအိုထက် ​ငွေကိုငမ်းငမ်းတက်​နေသည့်သူလိုဖြစ်​နေသည်။ဒီအိုကလည်း ထိုလူမျိုးဆို ကြိတ်သ​ဘောကျတတ်သည်။

ဒီအိုသည် အိပ်​ပျော်​နေ​သောသူ့ကို ကြည့်​နေမိသည်။ဆံပင်တို့ကိုပွတ်သပ်မိစဥ် သူနိုးသွားမှာစိုးသဖြင့် ရပ်လိုက်သည်။

"အခု​တော့ အိပ်​နေရင်း​တောင် ငါ့ကိုထိန်းချုပ်​နေပြီ"တီးတိုးရယ်သွမ်းကာ ​ပြောလိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး အဆင်မ​ပြေဖြစ်​နေသည့်ပြင် စိတ်ကလည်း​​ပျော်ရွှင်မှုကိုဆုံးရှုံးခဲ့သည့်ခံစားချက်ရသည်။မ​နေ့မတိုင်ခင်က သူနှင့်ဂျုံအင်းဘဝသာယာ​​နေ​သေးသည်။သူ​စောင့်​နေ​သောဝဋ်ပြန်လည်မည့် အချိန်က ပိုမြန်စွာ​ရောက်လာခဲ့ပြီ။

ရေစက်ဆိုးတစ်ခု ဖန်တီးခြင်းWhere stories live. Discover now