ကောင်မလေးတစ်သိုက်နှင့် ရယ်မောနေသော ဂျုံအင်းကို ခြုံကွယ်မှမြင်နေရသည်။ဒီအိုရဲ့ လည်ပင်းကြောများပင်ထောင်ထလာသည်။အကြည့်တို့ကိုလွှဲရင်း ကားပေါ်တက်လာခဲ့မိသည်။
'ငါ့ကိုယ်ငါသဝန်တိုနေမှန်းသိတယ်။ငါက လမ်းပေါ်ကကောက်ထားရတဲ့ဆယ်ကျော်သက်ကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့။လိုချင်ရင် နာမည်ကျော်မင်းသားကိုတောင် အိမ်တော်ဖိတ်နိုင်တာပဲ'
ဂျုံအင်းမျက်စိရှေ့မှောက်တွင် ဝိုင်ခွက်တစ်ခွက်ကိုဟန်ပါပါကိုင်ထားရင်း တက်သစ်စမင်းသားတချို့ကို ပြုံးပြနေသူ သူဌေးဒို။ဂျုံအင်း မဲ့ကာရယ်ပြလိုက်သည်။
'အင်း ကျွန်တော့်အကွက်ထဲ ခင်ဗျားဝင်လာမလား။ကျွန်တော်ကပဲ ခင်ဗျားကို အရှုံးပေးမလား။ကြည့်တာပေါ့'
လန်းဆန်းတက်ကြွနေသော မျက်ဝန်းတို့က တစ်ခဏလေးမှာ မှောင်နက်သွားရသည်။ဒီအို စိတ်မကျေနပ်သေးပေ။သူ့စိတ်ထဲကလူမှာ သူ့ကိုအနိုင်ယူနေလေသည်။
စာဖတ်ခန်းတစ်ခါးကိုဆွဲဖွင့်လာသဖြင့် ဂျုံအင်းလှည့်ကြည့်လိုက်ရာ ယိုင်ထိုးပြီး သူ့ဆီလာနေသော ဒီအို။ခြေစွပ်မပါသဖြင့် ခြေဖမိုးနီဥဥလေးက ယုန်ပေါက်တစ်ကောင်ကဲ့သို့ပြေးလာနေသလိုပင်။
"ဟင်"
မထင်မှတ်ထားအောင် ထိုမာန်မာနကြီးပါသောဒီအိုက မိမိအားနောက်ကဖက်လာသည်။ဂျုံအင်းစာကြည့်ကုလားထိုင်တွင် တောင့်တောင့်ကြီးဖြစ်နေသည်။အစကတည်းက မိမိသာနေမှန်းမသိခဲ့ပေ။ယခုတော့ပြင်ဆင်မထားဘဲ ဖက်တွယ်ခြင်းခံရသဖြင့် အံ့သြရသည်။
"ငါ့ကို ငါ့ကို ဘာလို့သဘောမကျတာလဲ ဟင် ဂျုံအင်းနီး"
"ကျ ကျွန်တော် သဘောမကျဘူးမပြောပါဘူး" ခပ်မာမာပဲ ပြန်ပြောလိုက်သည်။
"ဒါဆို ဘာလို့ ကျောင်းမှာ မိန်းကလေးတွေနဲ့ ပျော်နေတာလဲ"
အသံမှာ မူးရင်းချွဲပျစ်ပျစ်ဟန်ပါသည်။"ကျောင်းသားက စာပဲအာရုံစိုက်ရမှာ မသိဘူလား ဟွန်"
နှုတ်ခမ်းနီနီက ဆူကာ ပုခုံးကိုမေးတင်ပြီး ငေါက်နေသည်။
'ခင်ဗျားဘက်ကစလာတော့လည်း အထွေအထူး ဗျူဟာခင်းနေစရာမလိုတော့ဘူး'
YOU ARE READING
ရေစက်ဆိုးတစ်ခု ဖန်တီးခြင်း
Fanfictionလူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုဖြစ်ရတာ မုန်းဖို့ကောင်းတယ်။တစ်ယောက်ကတော့ အသုံးချခံရတဲ့ခံစားချက်မှာသာယာနေပြီဖြစ်တယ်