Description

739 39 0
                                    

TITLE - I Heard That I Am Poor

💥Description

အေးစက်လှသော အာဏာရှင် ဥက္ကဌကြီး ရွှယ်ယုံ၏ တစ်ခုတည်းသော ပန်းတိုင်မှာ အဆိုတော်အသစ်လေး ယွီနျန်ကို ဝေ့ပေါ်တွင် မရပ်မနားအပုပ်ချရန် ဖြစ်သည်။ သူက ယွီနျန်၏ နံပါတ်တစ် anti-fanကြီးဟူသော အမည်ကို ထိုက်ထိုက်တန်တန် ခေါ်ဆိုနိုင်ခွင့်ရသူ ဖြစ်လေသည်။

ယွီနျန်က အဆိုပြိုင်ပွဲတစ်ခုတွင် ပါဝင်ရင်း နေ့ချင်းညချင်း နာမည်ကြီးလာသူဖြစ်ကာ သူ့သီချင်းသံလေးကို သဘာဝ၏ သံစဥ်ဟုပင် ခေါ်ခဲ့ကြသည်။

[ရွှယ်ယုံ: အိုး... အသံကြိုသွင်းထားတာ နေမှာပေါ့... ဒီလောက်ထိ ကောင်းအောင် ဆိုနိုင်ဖို့ ဖြစ်နိုင်ပါ့မလား...]

ယွီနျန် သီချင်းဆိုနေစဥ် ပြုံးလိုက်ပုံလေးက အင်တာနက်တစ်ခွင် ပြဲပြဲစင် ပျံ့နှံ့သွားပြီး သူ့ရုပ်ရည်အသွင်အပြင်ကို ချီးမွမ်းကြလေသည်။

[ရွှယ်ယုံ: အိုး... ဒီလောက်ချောနေတာ ပလစ်စတစ် ဆာဂျရီ လုပ်ထားတာပဲနေမှာ...]

လအနည်းငယ်အကြာ antifan ခေါင်းဆောင်ကြီး ဖြစ်သော ဥက္ကဌရွှယ်က ဝေ့ပေါ်တွင် ပိုစ့်တစ်ခု တင်ခဲ့လေသည်။

[[အားလုံးပဲ မင်္ဂလာပါ... ငါတို့တွဲနေကြပြီ @ယွီနျန်]]

သတင်းထောက်များနှင့် အင်တာနက်ပေါ်မှ လူများ: လာနောက်နေတာလား...

ယွီနျန်အား ရတနာများကို သုံးသပ်အကဲဖြတ်သည့် အစီအစဥ်တစ်ခုတွင် ဧည့်သည်အဖြစ် ပါဝင်ရန် ဖိတ်ခေါ်ခံခဲ့ရလေသည်။ ယွီနျန်က ၎င်းကို တစ်ချက်သာ ကြည့်ပြီး ယွမ်သန်းခုနစ်ဆယ်ကျော် တန်သည့် ရှေးဟောင်းပန်းချီကားက အတုကြီးဖြစ်ကြောင်း ကောက်ချက်ချလိုက်လေသည်။

ထိုရှိုးကို ထုတ်လွှင့်ပြီးသွားသောအခါ အင်တာနက်ပေါ်မှ လူများစွာက အုံလိုက်ကျင်းလိုက် လှောင်ပြောင်သရော်ကြလေတော့သည်။ သူတို့က ယွီနျန်ကို သွေးရူးသွေးတန်း လှောင်ပြောင် ရယ်မောရခြင်းကို စွဲလန်းနေကြပြီး သူ့မျက်နှာသူ ဖြတ်ရိုက်နိုင်မည့် အချိန်အား စောင့်မျှော်နေကြလေသည်။

ရွှယ်ယုံသိသွားသောအခါ...
"မဟုတ်ပါဘူး... မဟုတ်ရပါဘူး နျန်နျန်ရယ် နားထောင်ပါဦး... ဒီတစ်ခေါက် ရေတပ်ခေါ်လာတာ ကိုယ်တစ်ကယ် မဟုတ်ရပါဘူးကွာ"

မကြာမီပင် ယွီနျန်၏ ဘဝဇာတ်ကြောင်း ဖော်ထုတ်ခံလိုက်ရလေသည်။

အင်တာနက်ပေါ်မှ လူများအားလုံး တိတ်ဆိတ်သွားပြီးနောက် အလောင်းကောင်များကဲ့သို့ တောင့်တင်းသွားကြလေသည်။

[ပန်းချီက တကယ် အတုတဲ့ဟဲ့... ဘာကြောင့်လဲဆိုတော့ ပန်းချီအစစ်က သူ့အိမ်မှာ နှစ်ပေါင်း သုံးရာလောက်ကတည်းက ရှိနေခဲ့တာမို့တဲ့လေ...]

[အဓိကအချက်က... ဒီလူက မှာစားရတဲ့ အစားအသောက်တွေတောင် မတတ်နိုင်တဲ့သူနဲ့ လူတစ်ယောက်တည်း ဟုတ်သေးရဲ့လား... ဘာလို့ ဒီလောက်ထိ ကောင်းနေရတာလဲ... သူ့ကို လောင်ဇီလို့ ခေါ်ဖို့ ငါတို့မှာ အခွင့်အရေး ရှိသေးရဲ့လား...]

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now