31

253 28 2
                                    

[Unicode & Zawgyi]

တစ်ညလုံး မိုးတွေရွာသွန်း‌နေခဲ့တာကြောင့် ယခု အိမ်ထဲ၌ မိုးရေယိုပေါက်များစွာ ရှိနေလေသည်။ နောက်တစ်နေ့ ရှန်ဖုန်းယွဲ့ အိပ်ရာက နိုးလာသည့်အခါတွင်တော့ သူ့နှာခေါင်းတွေ ပိတ်နေမှန်း သိလိုက်ရ၏။ သူ နှာခေါင်းကို တစ်ရှုံ့ရှုံ့လုပ်ကာ အသက်ရှူကြည့်လိုက်ပေမဲ့ နှာခေါင်းတစ်ဖက်တည်းကသာ အသက်ရှူလို့ရနေ၏။ အောက်ဆီဂျင်ထောက်ပံ့နှုန်းက တစ်၀က်တိတိ‌ လျော့ကျသွားတာကြောင့် သက်တောင့်သက်သာ မရှိသည့်အပြင် သူ လုံး၀ အဆင်မပြေသလို ခံစားနေရလေသည်။

"ငါ တကယ်......." ဘာဖြစ်တာလဲဟ။

သူ့ပါးစပ်မှ ထွက်လာသည့် အသံသည် လွန်စွာမှ အက်ကွဲကာ ကြမ်းတမ်းနေခဲ့၏။ ဆက်ပြောမဲ့ သူ့စကား၏ နောက်တစ်၀က်ကို ရှန်ဖုန်းယွဲ့ ပြန်မြိုချလိုက်ပြီး အ၀တ်အစားလဲပြီးနောက် ဆေးကြောသန့်စင်ရန်အတွက် ရေချိုးခန်းဆီသို့ သွားလိုက်၏။

မှန်ကို တစ်ချက်မော့ကြည့်လိုက်ချိန်မှာ၊ မှန်ထဲက နတ်သားလေးလို ကောင်လေး၏မျက်နှာသည် နီရဲနေပြီး အနည်းငယ် ရောင်ရမ်းနေလေသည်။ ရှန်ဖုန်းယွဲ့ လက်မြှောက်လိုက်ပြီး သူ့ပါးပြင်တွေအား ထိကြည့်လိုက်၏။ ရေနဲ့အပက်ခံရသည့် နာကျင်မှုအား ကျင့်သားရနေပြီဖြစ်လို့ ဒီလောက် ရောင်နေတာလေးကိုတော့ စာမဖွဲ့တော့ပေ။

ရေအလွှာတစ်ထပ်ဖြင့် အရောင်ဆိုးထားသကဲ့သို့ မျက်၀န်းများက ရေများဖြင့် စိုစွတ်နေပြီး စိမ်းပြာရောင် မျက်ဆံများဖြင့် တွဲဖက်လိုက်သည့် အခါမှာတော့ သူသွင်ပြင်သည် အဆုံးမဲ့သည့် သွက်လက်တက်ကြွမှုအား ဖော်ပြနေသည့် ကြည်လင်သန့်ရှင်းပြီး လှပသည့် သက်ရှိနွေဦးလေးတစ်ခု အလားပင်။

မျက်၀န်းတစ်ချက် အမှိတ်မှာ မျက်ရည်တစ်စက်က သူ၏အောက်မျက်ခမ်းစပ်ကို ဖြတ်ကာ ပါးပြင်တစ်လျှောက် အောက်သို့ စီးကျသွားခဲ့သည်။ ရှန်ဖုန်းယွဲ့ သူ့မျက်လုံးကို ပွတ်သုတ်လိုက်ကာ သူ့နှာခေါင်းမှာ ယားကျိကျိနှင့် ဂနာမငြိမ်ဖြစ်လာကာ နှာတရှုပ်ရှုပ်လုပ်လိုက်ပြီးနောက် ဒီတစ်ခါတော့ သူ တကယ် အအေးမိပြီမှန်း သေချာသိလိုက်ရ၏။

You've reached the end of published parts.

⏰ Last updated: Feb 12 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now