[Unicode & Zawgyi]
အစမ်းလေ့ကျင့်တာပြီးသွားတဲ့နောက် ရှန်ဖုန်းယွဲ့ ၊ချင်းယွမ် နဲ့ ဝေ့ထျန်းဇယ် တို့ အပါအ၀င် ယောက်ျားလေး အများစုက ဇာတ်၀င်ပစ္စည်း အသုံးအဆောင်တွေရွေ့ဖို့ တာ၀န်ယူကြရတယ်။ ချင်းယွမ် က ပထမဆုံး အစမ်းလေ့ကျင့်တာ ပြီးသွားတဲ့နောက် ရှန်ဖုန်းယွဲ့ ကို နှုတ်ဆက်လိုက်ပြီး ပစ္စည်းအချို့ကိုယူကာ အရင်ဆုံး ထွက်သွားခဲ့တယ်။
စတိုခန်းကို သွားရာလမ်းတစ်လျှောက်မှာ နေရောင်က သူ့အပေါ် မှာ ကျရောက်တောက်ပနေတာကြောင့် အနည်းငယ်ပူလာတယ်လို့ ခံစားရပေမဲ့လည်း သူ ဂရုမထားပါဘူး။ သူက နေရောင်ဖြာပြီး တောက်ပနေတဲ့ နေရာအောက်ကပဲ လမ်းလျှောက်လာခဲ့ပြီး သူ့မျက်နှာပေါ်ရှိ အပြုံးတွေကလည်း ဖုံးဖိလို့မရအောင် ဖြစ်နေခဲ့တယ်။
ရုတ်ခြည်းဆိုသလိုပဲ သူ့မျက်နှာပေါ်က အမူအရာက ပြောင်းလဲသွားခဲ့တယ်။ ဆံပင်ရှည်ရှည်တွေနဲ့ ဖုံးကွယ်ထားခြင်းခံရတဲ့ သူ့မျက်လုံးတွေထဲမှာတော့ စိတ်ဝင်စားမှုတွေ အပြည့်ရှိနေခဲ့တယ်။ သူက အရိပ်ထဲကို လျှောက်သွားလိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်တယ် "အခုတလော မင်း အမြဲတမ်းလိုလို ပြုံးနေသလိုပဲ"
အဲ့ဒီနောက် ထိုမျက်၀န်းထဲက စိတ်ဝင်စားမှုတွေက ရုတ်ချည်း ပျောက်ကွယ်သွားပြီးတော့ ခါတိုင်းလို အနည်းငယ် သူရဲဘောကြောင်တဲ့ ပုံစံမျိုး ပြန်ဖြစ်သွားခဲ့တယ်။ သူက “ငါလား” လို့ ပြန်ဖြေလိုက်တယ်။
ဒီနေရာမှာ တစ်စုံတစ်ယောက်သာ ရှိနေခဲ့မယ်ဆိုရင် သူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေထိုင်ပြီး အခုလို အချင်းချင်း စကား ပြောနေကြတဲ့ လူနှစ်ယောက်ကို တွေ့သွားခဲ့ရင် သူတို့ အံ့သြသွားကြလိမ့်မှာပဲ။
သူက မျက်ခုံးပင့်လိုက်တယ် "မင်းသတိမထားမိဘူးလား"
"……"
သူက ဘာကို သတိမထားမိတာလဲ?အဲ့ဒီနောက်မှာ ရုတ်တရက် သူ သဘောပေါက်သွားခဲ့တယ်, "ဟား" ။ သူက ကိုယ့်ကိုယ်ကို အောင့်အီးထိန်းချုပ်မနေတော့ဘဲ လုံး၀ ပေါ်တင်ကြီး ရယ်လိုက်တော့တယ်။ရှေ့က ဆံပင်ရှည်တွေက သူ့ အရှေ့က မြင်ကွင်းတွေကို ပိတ်ကာထားသလိုဖြစ်နေတာကြောင့် သူက လက်ကိုမြှောက်လိုက်ကာ ဆံပင်တွေကို အနောက်ကို သပ်တင်လိုက်တယ်။သူ ရယ်လို့၀သွားတဲ့ အခါမှာတော့ သူ့လက်ထဲက ပစ္စည်းတွေကို ပစ်ချလိုက်ကာ အရိပ်ထဲကနေ လျှောက်ထွက်လာပြီးတော့ နေရောင်ခြည်ထံသို့ လက်ကို ဆန့်တန်းလိုက်တယ်။
YOU ARE READING
ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့
RandomSystem လေး နောက်တစ်ပုဒ်ပြန်ထားတာပါ♡ ဖတ်ပေးကြပါဦး😍 Eng Title_The Villain has been coveting me for a long time Author(s): 天赐我宝 Status in COO 119 Chapters + 2 Extras (Completed) I do not own this translation and Full credit to original author and Eng...