ရှန်ဖုန်းယွဲ့ ဟာ ကျင့်ကျန်း ကုမ္ပဏီက ရုံးတွင်းပိုင်း စီနီယာ၀န်ထမ်းတစ်ဦးဖြစ်တယ်။ ကုမ္ပဏီက မတော်တဆမှုကြောင့် တာ၀န်လုပ်ဆောင်တဲ့ဌာနကို ပိုးမွှားတွေသတ်ဖို့အတွက် သူ့ကို ပြောင်းရွှေ့လိုက်တယ်။
ရှန်ဖုန်းယွဲ့ က သူ့လက်တွေကို ပွတ်လိုက်တယ် : " ပိုးမွှားတွေကို သတ်ရမယ်? အပျော့ပဲကွ ၊ ငါလုပ်ပြမယ် !"
ဒါပေမဲ့လည်း
ပထမကမ္ဘာ____
စစချင်းမှာပဲ ရှန်ဖုန်းယွဲ့ က ကျောင်းထဲကို ကောင်းချီးမင်္ဂလာတိမ်တွေကို စီးနင်းလာတဲ့ သူရဲကောင်းလိုမျိုး ၀င်ရောက်လာခဲ့တယ်။ ကျောင်း၀င်းထဲမှာ အနိုင်ကျင့်ခံနေရတဲ့ သနားစရာ ခရုတီလေးကို ကယ်တင်ဖို့အတွက်ပေါ့။ ခရုတီလေး က နူးညံ့တယ် မြတ်နိုးစရာကောင်းပြီး စရနောက်ရတာလဲ လွယ်သေး။ ရှန်ဖုန်းယွဲ့ က ခရုတီလေးနဲ့ ကစားနေတုန်းမှာပဲ ခရုတီလေးက ဖွက်ထားတဲ့ သူ့လက်သည်းတွေ ထုတ်ပြလာတော့တာပဲ။
အကျင့်စရိုက်နှစ်ခုနဲ့ ခရုတီလေးက နူးနူးညံ့ညံ့လေး ပြုံးလိုက်တယ် : " လာပါဦး ဘေဘီရဲ့ "
ရှန်ဖုန်းယွဲ့ : "?!"
ဒုတိယကမ္ဘာ____
ရှန်ဖုန်းယွဲ့ က အိပ်မက်ကမ္ဘာထဲကို ပြန်လည်၀င်ရောက်ခဲ့တယ်။ သူက မကောင်းမှုတွေကို မယုံကြည်တာကြောင့် ချောမောကြင်နာပြီး ဆွံ့အနေတဲ့ လူငယ်လေးကို ကာကွယ်တဲ့နေရာမှာပဲ သူ့ကိုယ်သူ မြှုပ်နှံထားခဲ့တယ်။ ရူးနှမ်းနေတဲ့ အကျည်းတန်မိန်းမဆီကနေ လွတ်မြောက်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီးတော့ အောင်ပွဲရပြီလို့ တွေးလိုက်တဲ့အခါမှာပဲ သူ့ကို ဆွံ့အနေတဲ့ ဘုရင်ကြီးက လက်ပြန်နဲ့ အလံတစ်ခုနဲ့ ထိုးလိုက်တယ်။ ရေးထားတဲ့ စာကတော့ "အဖြစ်အပျက်တွေအားလုံးရဲ့ နောက်ကွယ်ကလက်မဲကြီးက ငါပဲ" တဲ့။ စာလုံးလေးတွေက တလက်လက်ကို တောက်နေတာပဲ။
ရှန်ဖုန်းယွဲ့ , "......."
တတိယကမ္ဘာ____
ရှန်ဖုန်းယွဲ့က အရင့်အရင်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ ဒီကမ္ဘာကိုကူးပြောင်းလာတဲ့ချိန်မှာ လက်လွတ်စပယ် လူတွေကို လိုက်မကယ်တော့ဘူး။ သို့သော်လည်း သူအမှိုက်ကောက်နေတုန်းလေး သူ့ကို သူရဲကောင်းတစ်ယောက်က ကယ်တင်လိုက်တယ်။
YOU ARE READING
ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့
RandomSystem လေး နောက်တစ်ပုဒ်ပြန်ထားတာပါ♡ ဖတ်ပေးကြပါဦး😍 Eng Title_The Villain has been coveting me for a long time Author(s): 天赐我宝 Status in COO 119 Chapters + 2 Extras (Completed) I do not own this translation and Full credit to original author and Eng...