10

172 21 12
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

" ဖေဖေနဲ့ မေမေ့ကို ဘယ်လိုပြောလိုက်တာလဲ။ ကျွန်တော့်ကို ဖူကျန့်လွှတ်ဖို့"

" နွေရာသီပိတ်ရက် ခရီးလို့ပဲ ပြောတာပေါ့"

" ပိုင်ချက်ကွာ"

ပေစောင်းစောင်းနှင့် ထယ်ရယ်က အထုပ်တွေကို လေယာဉ် cabin ပေါ်တင်ရင်း သက်သက်မဲ့ အရွဲ့တိုက်ပြောသည်။

ဖူကျန့်ကို ခရီးသွားမယ် လူပဲလိုက်ခဲ့ဆိုပြီး ရုတ်တရက်သွားခေါ်လာတာမှာ သူ့ဖေဖေနှင့် မေမေကပါ လွှတ်ပေးလိုက်လို့ ပစ်စလက်ခတ်ထည့်လာသည့် အထုပ်အပိုးတွေကို မကျေနပ်။

" ဦးလေးနဲ့ အန်တီရော ရှိမှာလား။ ဖူကျန့်မှာ"

" ဖူကျန့်မှာ သန်ဘက်ခါထိတော့ ရှိလိမ့်မယ်။ ပါပါးနဲ့ မာမားက ကိုရီးယားကို ခဏပြန်မှာ။ ကိုယ့် ကျောင်းပိတ်ရက်ပြီးမှ ဒီကို ပြန်လာလိမ့်မယ်။ ပြီးရင်တော့ နှစ်လလောက် ထပ်နေပြီးရင် ကိုရီးယားမှာပဲ ပြန်လာနေတော့မှာ။ ဖူကျန့်ဘက်မှာ project ဆွဲတာ ကြာနေလို့ရယ် ပြောတာပဲ"

Zhang Group မှာ လုပ်ငန်းခွဲနှစ်ခုရှိတာ အကုန်သိတဲ့အတိုင်း။ ကျန်းဟောက်လည်း တစ်ခါ ရှင်းပြဖူးပါတယ်။ ပရိဘောဂလုပ်ငန်းနဲ့ ပတ်သက်လို့ ကိုရီးယားရုံးခွဲကို အခုမှ စဖွင့်ဖို့ပြင်နေကြတယ် ဆိုသည့်အကြောင်း။ အဲ့တာကို ဦးစီးဖို့က ကျန်းဟောက် ပါပါးနဲ့ မာမားလက်ထဲကို ရောက်လာတဲ့အကြောင်း။

တကယ်တော့ လက်ဝတ်ရတနာလုပ်ငန်းနဲ့တင် အလုပ်များနနှင့်ပြီ။

" ကော..ပိုက်ဆံ တကယ်ပေါတာလား"

ငယ်ငယ်ကတည်းက သိနေတဲ့ဟာကို သက်သက်ထပ်မေးတော့ ရယ်ရုံသာ ရယ်ပြလိုက်တယ်။

" မျိုးနဲ့ရိုးနဲ့ ချမ်းသာတာဆို"

တကယ်တော့ အဲ့လောက်ထိ မျိုးရိုးမရှည်နေသေးပေ။

" အခု ဖူကျန့်သွားရင် ကိုယ့်အဘိုးကို မေးကြည့်"

heart in the neighborhoods [하태하태] ✔️Waar verhalen tot leven komen. Ontdek het nu