6

144 24 8
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

" ဟားးးး..ခေါင်းကိုက်လိုက်တာ"

နားထင်ကို တဖွဖွဖိထားရင်း ခေါင်းကိုက်ပါသည်ဆိုတဲ့အကြောင်းကိုပြောရင်း။
ကျန်းဟာအိုတစ်ယောက် ရူးများသွားတာလားဆိုတဲ့ အကြောင်းကို ခဏခဏမေးရင်း။

မျက်မှောင်ကို တင်းနေအောင်ကြုံ့ကာ ထယ်ရယ် ထမင်းပင်စားမဝင်တော့ချေ။

ကန်တင်းထဲမှာတင် ထယ်ရယ်တို့ စားပွဲဝိုင်းတစ်ခုသာ ကွက်ပြီး မိုးအုံ့နေသည့်အလား။ မက်သျူးသည်လည်း စကားပြောမထွက်။

လုပ်ချင်ရာလုပ်ပြီး ပြုံးပြုံးကြီး ကျေနပ်နေသူကတော့ ကျန်းဟာအိုရယ်။

" ကော အခု နှစ်ကျ ဖြစ်ပြီမဟုတ်လား"

" မေဂျာပြောင်းလိုက်တာပါဆိုနေ ထယ်ရယ်ရာ"

" ပြောင်တိပြောင်ချော် လုပ်စရာ ကိစ္စလည်း မဟုတ်တာကို ကျွန်တော့်ကိုတောင် ပေးမသိပဲ ဘာလို့ ဒီလိုလုပ်တာလဲလို့"

တခြားသွားစရာနေရာတွေအများကြီးရှိရက်နဲ့။
မိသားစုပိုင်လုပ်ငန်းတွေ ကိုင်တွယ်ဖို့ဆို စီးပွါးရေးမေဂျာယူလည်း ဖြစ်ရဲ့သားနဲ့။

ထယ်ရယ့်ရဲ့ ပထမဆုံး တက္ကသိုလ်ရက်မှာ အတန်းထဲ လာထိုင်နေတဲ့ ကျန်းဟာအိုကို သူများမေဂျာဆောင်ထိ လာပြီး နောက်ပြောင်နေတယ် ထင်တာ။

"မေဂျာပြောင်းလိုက်ပြီလေ။ ထယ်ရယ်နဲ့ အတူတူ ကျောင်းတက်တော့မယ်" ဆိုပြီး အတည်ပေါက်ကြီးပြောနေသည့်တိုင် မယုံခဲ့သေး။

roll call တွေအထိ နာမည်ကြီး ရှင်းရှင်းလင်းလင်း ထွက်လာတော့မှ။

" ကိုယ် အဲ့တာကို ရှင်းပြနေတာ လေးခါရှိပြီ။ ဆေးကျောင်းတက်ရတာ မပျော်ဘူး။ တခြား ဘယ်လိုပြောင်းလဲရမလဲ စဉ်းစားနေရင်းက ထယ်ရယ်နဲ့ ကျောင်းတူတူ တက်ရရင်ကောင်းမယ်ဆိုပြီး—"

"..."

ဆက်တိုက်ပြောနေတဲ့ ဒီစကား အထပ်ထပ်မှာ နားမလည်နိုင်ဆုံးအချက်က ထယ်ရယ်နဲ့ တူတူကျောင်းတက်ရမှာမို့ဆိုပြီး တွေးလိုက်ပါတယ် ဆိုသည့်ဟာ။

heart in the neighborhoods [하태하태] ✔️Donde viven las historias. Descúbrelo ahora