[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]
" ထယ်ရယ် စာမေးပွဲနီးမှ ချွန်းနန်ပြန်သွားပြီး Final ရက်မှ ပြန်လာတော့မယ်ဆို? မက်သျူးတို့ Final presentation က သန်ဘက်ခါ?"
" ဟုတ်တယ်။ ဟာအိုဟျောင်းရော အဆင်ပြေရဲ့လား။"
" အဆက်အသွယ်ရလို့သာပေါ့။ သူ့ကလေးလေးကို လူချင်းမတွေ့ရလို့တဲ့ မရူးရုံတမယ်ပဲ"
သူများအကြောင်း ထိုင်ပြောရတာ လုပ်ရိုးလုပ်စဉ်မဟုတ်။
ကိုယ့်အချင်းချင်းတောင် ချစ်မဝရတဲ့ထဲမှာမှ အိမ်မယ် တစ်ချိန်လုံး ဘေးကနေ တပွမ်ပွမ် ပွါးနေသော ကျန်းဟာအိုကြောင့် ထယ်ရယ့်သတင်းနှိူက်ရပြီလေ။" အဲ့လိုဖြစ်နေတာတူတူ ပြောလိုက်ရအောင်လေ အချင်းချင်းကြိုက်နေတာ မြန်မြန်မသိရင် ဘယ်လောက်တောင်ကြာနေမှ.."
" တစ်ဆင့်ပြောပေးတာကြောင့် ချစ်သူဖြစ်သွားတယ်ဆို ငယ်ငယ်လေးကတည်းက သိလာတဲ့ သူတို့ကြား အောင့်သက်သက်ပိုဖြစ်မှာပေါ့"
" အဲ့တာလည်း ဟုတ်သားပဲနော်"
ဂျီအွန်းရဲ့ အခန်းထောင့်က အဝတ်ပုံကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ကျန်းဟာအိုအဝတ်တွေပါ တစ်ပါတည်း လျှော်ပေးထားရတာကို လာလည်းမယူဘူး။
" ကျွန်တော်လည်း အဲ့လိုတွေးပြီး ဘေးကနေ လိုက်ဆွပေးနေတာပဲ။ ဘာလို့ ဘာမှ ထူးမလာဘူး ထင်နေရတာပါလိမ့်"
" ထူးပါတယ်။ မမြင်ရလို့ပဲ ဖြစ်မှာပေါ့ အရူးလေးရဲ့"
" အာ...ထယ်ရယ် ဒီနေ့လောက်ဆို ပြန်လာသင့်နေပြီကို"
မက်သျူးရဲ့ စကားအဆုံး အိမ်ရှေ့တံခါးပွင့်လာတာကြောင့် ဂျီအွန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ အဝတ်လျှော်ပေးထားတာကို လာယူဖို့ ငေါက်ရအုံးမည်မို့။
ကိုယ့်အဝတ်သူ့အဝတ်ခွဲပေးပြီး အခန်းထိ တကူးတကပို့ပေးရအောင် အိမ်အကူမှ မဟုတ်တာ။
" အဲ့တာဆို ကိုယ် နောက်မှ ပြန်ခေါ်မယ်လေ။ စာမေးပွဲပြီးရင် date ရအောင်လို့ နေရာရွေးထားတယ် ဟီး"
आप पढ़ रहे हैं
heart in the neighborhoods [하태하태] ✔️
फैनफिक्शनIsn't it weird if I say I've been loving you since childhood. NO- I didn't love you at all. I said " DIDN'T".