3

150 23 6
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" မက်သျူးရာ စဉ်းစားကြည့်စမ်းပါ။"

ထယ်ရယ့်ဆီက စဉ်းစားကြည့်စမ်းပါဆိုတဲ့ စကားတစ်ခွန်းထွက်လာရင် ပထမဆုံး ခေါင်းထဲဝင်လာတာ သူငယ်ချင်းလုပ်မိတာ မှားပြီဆိုတဲ့ နောင်တ။

ရန်ပွဲမဖြစ်လိုက်ခင် မက်သျူးမှာ နစ်နာသူခေါင်းစဉ်အောက်ရောက်သွားတာ အတူတူ မထူးပါဘူးဆိုပြီး ထယ်ရယ့်ကို စိတ်ဝင်တစား သူငယ်ချင်းလုပ်ရန် သွားခေါ်ဖြစ်ခဲ့သည်။

အခုကတော့ အထက်တန်း နောက်ဆုံးနှစ်သမားတွေတောင် စာမေးပွဲနီးနေပြီလေ။ တစ်လကျော်ကျော်လေးပဲ ကျန်တော့တာမို့ စီနီယာတွေ အကုန် ခေါင်းပူနေကြပြီ ထင်ပါတယ်။

ကျောင်းဆင်းပြီမို့ စကားတပြောပြောနှင့် ထွက်လာရင်းပဲ..

" အရင်က ကိုယ့်ကိုယ်ကိုသာ ပထမဆိုတဲ့ လူပါ။ စာမေးပွဲနီးလို့ ရူးသွားတာများလား။ တစ်ရက် နှစ်နာရီ တရားထိုင်နေတယ်တဲ့"

" ဘယ်သူလဲ"

" ဂျန်းဟာနူးလ်"

လာပြန်ပြီ ဒီနာမည်လို့ ပြောရအောင် ထယ်ရယ်က စီနီယာ ကျန်းဟာအိုအကြောင်း ပြောတိုင်း နာမည်က တစ်မျိုးပြောင်းတယ်။

ကျန်းဟာအို၊ ကျန်းဟောက်၊ ဂျန်းဟာနူးလ်၊ အစ်ကိုကျန်း၊ လူ့ဂွစာကျန်း၊ ဘီလူးမင်းသား၊ ကျန်းအရူး၊ အုပ်ထိန်းသူ ၃..၊ ကောကော၊ ကိုကို၊ ကိုကြီး... စုံလို့။

ပြီးတော့ လူတစ်ယောက်တည်းအကြောင်းကို ဘာလို့ အများကြီး ပြောနိုင်ရပါလိမ့်။

" အခုတလော တွေ့တိုင်း တွေ့တိုင်း ခေါင်းကိုက်တယ်ချည်းအော်နေသေးတာ "

" ထမင်းဝယ်ကျွေးလိုက်"

ပြတ်တိပြတ်တောင်းပြောလိုက်တဲ့ မက်သျူးရဲ့ အကြံပြုချက်က ထယ်ရယ့်အတွက်တော့ သိပ်မဆိုးနေ။
စာမေးပွဲနီးလို့ စိတ်ဖိစီးနေတာထင်တယ်။

" ထမင်းဝယ်ကျွေးလိုက်ရင် စိတ်ဖိစီးတော့မှာ မဟုတ်ဘူး"

" ဟုတ်တော့ ဟုတ်တယ်နော်။"

heart in the neighborhoods [하태하태] ✔️Where stories live. Discover now