prologue: sixteen-seventeen

515 33 4
                                    


[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]


လူကြီးတွေက တစ်ခါတစ်လေပြောတယ်လေ။

အရင်ဘဝက ဘာလုပ်ခဲ့လို့ အခုဘဝ ဒီလိုဖြစ်နေတာဆိုတာမျိုး။
ထယ်ရယ် အရင်ဘဝတုန်းက ဘာလုပ်ခဲ့သလဲ မသိပေမဲ့ သူများတကာကို ချောက်တွန်းခဲ့ဖူးဟန်ပေါ်သည်။

မဟုတ်တာလုပ်တိုင်း လာဖမ်းတဲ့ ရေစက်ချောချောတစ်ခုက မွေးကတည်းက ပါလာပြီး တောက်လျှောက် မခွဲနိုင်မခွါနိုင်ပင်။

" ကျန်းဟောက်ကော!! "

" အင်း"

" report card ရတာ မေမေ့ကို မပြောနဲ့ဆိုနေတာကို"

ထယ်ရယ့်ရဲ့ ရန်ရှာမှူအား comic စာအုပ်နဲ့မျက်နှာတောင်မခွါပဲ တအင်းအင်းနှင့်သာ ခေါင်းငြိမ့်သူကို မျက်နှာမဲကြီးနှင့်ကြည့်မိသည်။ အတူတူကျောင်းသွားနေရသည်ကလည်း ဝဋ်ကြွေး။

" လက်မှတ်အတုထိုးပြီး ဆရာမကို သွားပေးတော့မှာလေ။ အန်တီဂင်မ် မသိလိုက်ရင် စိတ်မကောင်းဖြစ်နေမှာစိုးလို့"

" တအား လိမ္မာလိုက်တာ"

ထယ်ရယ် ရွဲ့ပြောလိုက်သည်ကို ခပ်ပြုံးပြုံးကြည့်သည်။

" ပြီးတော့ ကိုယ်က အန်တီ့ကိုပြောတာမဟုတ်ပါဘူး။ ဦးလေးဂင်မ်နဲ့ အိမ်ရှေ့မှာတွေ့တော့ ထယ်ရယ့်မေမေကို ဒါလေးပြောပေးပါနော်ဆိုပြီး စကားပါးလိုက်တာ ဟီး"

" မွေးစားသားလေးလားနော် ဂျန်းဟာနူးလ်"

" အကြီးကို ရွဲ့သလိုပြောင်သလိုလေသံနဲ့ မပြောနဲ့  ထယ်ရယ်။ ထပ်သွားတိုင်လိုက်မှာ"

အခုစကားပြောနေတဲ့ ကျန်းဟောက်ဆိုသူမှာ ထိုရေစက်ပင် ဖြစ်၏။ သူ့စကားနားထောင်နေရပေမဲ့ တည့်သလားဆို တည့်မနေ။

ခဏခဏ စကားများနေရသလို တစ်နှစ်တစ်ခါလောက်လည်း အကြီးအကျယ် ရန်ဖြစ်ရပါ၏။

အခု ထယ်ရယ် အထက်တန်း ပထမနှစ်စကာစမို့ အထွေအထူးမရှိသေးပေမဲ့ နှစ်လယ်လောက်ဆိုရင် ပြဿနာတက်တော့မှာ အသေအချာ။

ရှေ့နှစ်ကလည်း နှစ်ဝက်စာမေးပွဲအပြီး ပြဇာတ်အသင်း activity မှာ ခရိုင်ပြဇာတ်ပွဲတော်အတွက် ပြင်ဆင်ရတော့ ဘယ်နေရာကမှန်းမသိ အလယ်တန်းတွေချည်းရှိတဲ့ အသင်းထဲကို အထက်တန်းကျောင်းသားကပေါ်လာလို့။

heart in the neighborhoods [하태하태] ✔️Unde poveștirile trăiesc. Descoperă acum