[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]
ကျန်းဟောက်အတွက် အထက်တန်းနောက်ဆုံးနှစ်။
စာလုပ်စရာလည်း များပြီး အဘက်ဘက်ကို လက်မလွှတ်ချင်ဖြစ်နေတဲ့ ကျန်းဟောက်အတွက် ဒီနှစ်မှာ အားကစားလုပ်တာကို အချိန်အနည်းငယ် လျော့ဖြစ်သွားသည်။
တက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရဖို့ရာ အရေးကြီးနေတာဖြစ်ပြီး လောဘကြီးတဲ့ သူအနေနဲ့ ပညာသင်ဆုတွေ ရကောင်းရလိုငြား စာကြည့်တိုက်လုပ်အားပေးအသင်းကိုပါ ဝင်ဖြစ်ခဲ့သည်။
အဲ့တာအပြင် ကျောင်းအုပ်ကိုယ်တိုင်ကပါတိုက်တွန်းတာကြောင့် အထက်တန်းနောက်ဆုံးနှစ်မှာ ကျောင်းကောင်စီအသင်းထဲ ရောက်သွားခဲ့ပြီး မရင်းနှီးတာတော့ ဖြစ်မနေ။
ဘာကြောင့်မှန်းမသိ ဆေးကျောင်းသား ဖြစ်ချင်လာသည်ကိုး။
ထယ်ရယ့်စကားတွေက ရောဂါပိုးလိုပဲ ကူးစက်တာမြန်လွန်းသည်။ တစ်ချိန်လုံး စာကျမလုပ်ပဲ ဆေးကျောင်းသားဖြစ်ရင် ဘာလုပ်မယ် ညာလုပ်မယ်ချည်းပြောနေတာ နားပူလာတဲ့ ကျန်းဟောက်ကတော့ ဆေးကျောင်းအရင်ဝင်ရဖို့ စာတွေ အသေလုပ်နေရပြီ။
ရုပ်ရှင်တွေထဲကလို အရူးအမူးတော့ မဟုတ်ပါဘူး။
တစ်ခါတစ်လေတော့ စာကြည့်မယ်ဆိုရာက တီဗီထိုင်ကြည့်နေတာ၊ မဟုတ်ရင် ဖုန်းသုံးနေတာ။အခန်းအပြင်ကနေ အသံခပ်ရုတ်ရုတ်ကြားလိုက်ရသည့်အခါ ထယ်ရယ် ရောက်နေမှန်း သိလိုက်ရ၏။
အင်း..အိမ်ချင်းကပ်ရပ်သာနေတာ အခန်းပြတင်းပေါက်တွေမှ တစ်ဆင့် မြင်ရတာမဟုတ်ရင် အိမ်အလည်လည်း မသွားဖြစ်တာ ကြာပြီ။
မဟုတ်ရင်လည်း ဗိုက်ဆာနေပြီမို့ အခန်းပြင်ဘက် ထွက်ရင်း အောက်ထပ်ကို လှမ်းကြည့်တော့ ကျေးဇူးရှင်က တကယ်ပဲရောက်နေတာဖြစ်ပြီး ဆန်မုန့်တွေ လာပေးထားတာ။
" ဆန်မုန့်ပဲ အန်တီ့ကို ကောင်းကောင်းစားပါမယ်လို့ ပြန်ပြောပေးနော် ထယ်ရယ်"
" ကောအတွက် ပါတယ်လို့ ကျွန်တော်မပြောရသေးပါဘူး"
ဆန်မုန့်ပန်းကန်ကို ရွယ်ထားတဲ့ လက်က ရပ်တန့်သွားပြီး ဖေဖေနဲ့ မေမေကို ကြည့်လိုက်တော့ မွေးစားသားလေး စတာကို သဘောတကျ။
YOU ARE READING
heart in the neighborhoods [하태하태] ✔️
FanfictionIsn't it weird if I say I've been loving you since childhood. NO- I didn't love you at all. I said " DIDN'T".