အပိုင်း(၁၆)

Start from the beginning
                                    

မမဇွန်စိတ်ထဲ၌သခင့်ကိုစိတ်မကွက်စေချင်ပါ။ ပြီးတော့ သခင်ကလည်းတကယ်ပဲ ကိုယ်နဲ့အတူမစားချင်ခဲ့တာပါ။

"မမဇွန်သူနဲ့စကားပြောမှကိုဖြစ်တော့မယ်...ဟိုနေ့ကလည်းနွယ်ကလေးကိုပြောတာတွေမမဇွန်ကြားတယ်...သူက နွယ်ကလေးအပေါ်ကိုအတော့်ကိုရင့်သီးလွန်းတယ်လို့ထင်တယ်"

"ဘာမှမပြောပါနဲ့ မမဇွန်ရယ်...သခင်ကလင်းကိုအကြောင်းမဲ့မုန်းနေတာမဟုတ်ပါဘူး...လင်းဘက်ကအပြစ်လုပ်ထားလို့ပါ"

"မပြောနဲ့ဆိုလည်းမပြောတော့ပါဘူး..ဒါပေမဲ့ဒီထက်လွန်လာရင်တော့ ဝင်ပြောမိတော့မှာနော်"

"မမဇွန် ကြာဆံသုပ်ကစားကောင်းတယ်"

"စကားလွှဲမနေပါနဲ့ မသိတာကျလို့"

"ဟီး"

မမဇွန်သည်လည်း အကင်းပါတဲ့သူပဲ။

***

"ဟဲလို..ဖေဖေ "

ဖေဖေ့ဆီဖုန်းဆက်လိုက်သည်။
ကားမောင်းသင်ခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်သာ။

"အေး သမီးလေး"

"သမီးကိုကားမောင်းသင်ပေးပါလားဖေဖေ"

"သမီးကား‌မောင်းသင်ချင်လို့လား"

"အင်းပေါ့ဖေဖေရဲ့"

"ဖေဖေ အားတဲ့နေ့တွေကျရင်သင်ပေးမယ်လေသမီးလေး "

"ဟုတ်ဖေဖေ "

"သမီးမမနဲ့ရောအဆင်ပြေရဲ့လား"

ခဏတော့အသံတိတ်သွားမိသည်။

"သခင်နဲ့ကအဆင်ပြေပါတယ်"

"သမီးလေး သမီးမမနဲ့ကွာရှင်းချင်လား"

ဖေဖေ့ဆီကမျှော်လင့်မထားတဲ့စကားကြောင့်အမှန်ပင်အံ့ဩရသည်။ဖေဖေကိုယ်တိုင်ပဲ သခင်နဲ့အတင်းလက်ထပ်ပေးခဲ့တာမဟုတ်လား။အခုကဘာကြောင့်များဒီစကားမျိုးပြောနေပါလိမ့်မယ်။

"ဖေဖေကလည်းသခင်နဲ့ဘာလို့ကွာရှင်းရမှာလဲ..ဖေဖေကိုယ်တိုင်ပဲလက်ထပ်ပေးပြီးတော့"

"သမီးလေးနဲ့သူအဆင်ပြေရဲ့လား သမီးကိုသမီးမမကစိတ်ဆင်းရဲရအောင်လုပ်လား"

သခင် (Completed)Where stories live. Discover now