“ကိုယ်တို့က ဒိတ်ဖို့လာတာလေ သရဲကားကြည့်စရာလား”

“ကျွန်တော် အချစ်ကားတွေ မကြိုက်ဘူး ပျင်းဖို့ကောင်းတယ်”

ချစ်သူလေးရဲ့ စကားကြောင့် ‌ရင်ဘက်တောင် အောင့်သွားသလိုပါပဲ။ မေ့သွားတယ်။ သူ့ချစ်သူ ကောင်လေးက စုံထောက် တစ်ယောက်ဆိုတာ။

“မင်းသားက မဆိုးပါဘူး”

“ဘာလို့ အဲ့ဒီကောင်ကို စိတ်ဝင်စားနေရတာလဲ မင်းရည်းစား ကိုယ့်ကို ဘေးထားပြီး”

မကြိုက်ဟန် ဆိုလာသည့် Suga စကားကြောင့် ဂျီမ မင်ခင်မျာ ဘာပြန်ပြောရမလဲတောင် မသိ။

“ရုပ်ရှင်ကြည့်မှတော့ မင်းသား မင်းသမီးက အဓိကပဲ မဟုတ်ဘူးလား”

ဂျီမင် ပြန်ပြီး မေးခွန်းထုတ်တော့ Suga တစ်ယောက် ဂျီမင် ကိုယ်လေးအား သူ့ဘက်ပါအောင် ဆွဲလှည့်လိုက်လေရဲ့။

“ကိုယ် သည်းမခံနိုင်တော့ဘူး”

ချက်ချင်းဆိုသလို ဂျီမင် ပါးပြင်တွေအား ဆုပ်ကိုင်လာကာ ဂျီမင် နှုတ်ခမ်းပါးတွေအား အရှိန်ပြင်းပြင်းဖြင့် ထိကပ်လာသည့် Suga နှုတ်ခမ်းပါး။

“Omm..mmz”

ဘယ်တုန်းကတည်းက ထိန်းထားမှန်းမသိသည့် အနမ်းတွေမှာ သူ့၏ နှုတ်ခမ်းပါးဆီ ရောက်သည်နှင့် နှုတ်ခမ်းသားတစ်ခုလုံး ဆွဲစုပ်ခံရသလို အနမ်းကြမ်းကြမ်းတွေမှာ အသက်ရှုလို့တောင် မဝသည်အထိပင်။

“အင့်!”

နမ်းနေရင်း အရှိန်ရသည်ထင်။ သူ့အား မ-ယူကာ ပေါင်ပေါ်ကောက်တင်ပြီး နှုတ်ခမ်းတွေထက် ပြန်ရောက်လာသည့် အနမ်းကြမ်းကြမ်းကြောင့် သူ့နှလုံးခုန်သံတွေမှာ ပုံမှန်ထက် မြန်ဆန်လို့လာလေသည်။

“Haa...Omm.mmz!”

အပေါ် နှုတ်ခမ်းသို့ ရောက်လာလိုက်။ အောက်နှုတ်ခမ်းသို့ ရောက်လာလိုက်နှင့် အနမ်းတွေကြားထဲ တစ်ချက် တစ်ချက် ကိုက်ခဲလာသည့် Suga ကြောင့် ဂျီမင် နှုတ်ခမ်းတွေမှာလည်း ရစရာမရှိတော့ပေ။

“Ugh..Omm...mmz”

ရုပ်ရှင်ကလာနေသည့် အသံတွေကြောင့်သာ သူတို့နှုတ်ခမ်းနှစ်စုံ ထိကပ်လို့ ထွက်လာသည့် အသံတွေအား ရုံထဲကလူတွေက မကြားနိုင်တာပင်။ သို့သော် Public Area ၌ နမ်းနေရသည့် စိတ်ခံစားချက်ဟာ ကြောက်စိတ်လည်း ဝင်မိသလို စိတ်လှုပ်ရှားလွန်းလို့ သူ့တစ်ကိုယ်လုံး ‌ပူထူလာသလိုပါပင်။

-THAT MAN- [Complete]Where stories live. Discover now