“ကျွန်တော်-Ommz!”

ဂျီမင် ပြန်ဖြေစကားပင် မဆုံးသေး။ ဂျီမင် ခါးအား လှမ်းဆွဲကာ ဂျီမင် နှုတ်ခမ်းအား ဖိကပ်လာသည့် Suga အနမ်းကြောင့် ဂျီမင် မျက်ဝန်းတွေ ဝိုင်းစက်ကုန်သလို ရင်တွေလည်းခုန်လာလေ၏။

နောက်တော့မှ သူတို့ အခုရောက်နေသည်မှာ လူအများသွားလာနေသည့် ပန်းခြံမှန်း အသိဝင်လာတာမို့ ဂျီမင်ဟာ Suga အား အသာ တွန်းထုတ်တော့သည်။ ဂျီမင် တွန်းထုတ်လိုက်ပေမဲ့ Suga မှာ အပြုံးမပျက်။ ဂျီမင်ပါးအား ရွှတ်ခနဲ တစ်ချက် ထပ်နမ်းလာကာ သူသောက်စရာရှိသည့် ကော်ဖီအား ဆက်သောက်နေလေ၏။

“ဒါပြီးရင် ဘယ်သွားချင်လဲ ဂျီမင်”

“ကျွန်တော် မသိဘူး လူကြီးမင်းပဲ အဆင်ပြေမဲ့နေရာ ရွေးလိုက်ပါ”

“ကိုယ်ရွေးလို့ဖြစ်ရဲ့လား”

ရွှတ်နောက်နောက်စကားနှင့်အတူ မျက်ခုံးအား ပင့်ပြကာ ဆိုလာသည့် Suga စကားအား ချက်ချင်း အထာနပ်သွားသည့် ဂျီမင်ဟာ ပါးကလေးတွေ ရဲခနဲ။

“ရုပ်ရှင်ကြည့်ချင်လား ဂျီမင်”

ဒီတစ်ကြိမ် ‌စကားသည်လည်း ကွေ့ဝိုက်နည်းနှင့် ဆိုလိုမှန်း ဂျီမင် အတက်သိသည်။ သို့သော်။ ဂျီမင် ကိုယ်တိုင်ကပင် လိုလိုလားလားဖြင့် ခေါင်းညိတ်က လက်ခံပေးလေ၏။

ဤသည်နှင့် သိပ်မကြာခင်မှာပဲ သူတို့ ရုပ်ရှင်ရုံကို ရောက်လာလေသည်။ ရုပ်ရှင်ကြည့်ရင်းစားဖို့ မုန့်အနည်းငယ်သာဝယ်ခဲ့ကာ ရုပ်ရှင်ရုံထဲသို့ တန်းထွက်လာခဲ့လေရဲ့။ ရုံထဲရောက်သည်နှင့် သူတို့ထိုင်ရမည့်နေရာမှာ နောက်ဆုံးကိုမှ အတွဲခုံဖြစ်သည်မို့ နှစ်ယောက်လုံး ရှက်နေသော်လည်း ခပ်တည်တည်ဖြင့်သာ ဝင်ထိုင်ကြလေသည်။

ရုံထဲက လူအရမ်းမများသလို။ လူလည်း နည်းမနေပါပင်။ သို့သော်။ ကံကောင်းသည်ပဲ ဆိုရမလားမသိ။ သူတို့ထိုင်နေသည့် အတွဲခုံအတန်း၌ သူတို့ကလွဲရင် တခြားအတွဲ မရှိပေ။ သာမန်ခုံတွေ၌သာ လူတွေရှိလေ၏။

“သရဲကား မဟုတ်ဘူးလား”

စနေပြီဖြစ်သည့် ရုပ်ရှင်အားကြည့်ရင်း ဂျီမင် မေးလေတော့ ။

-THAT MAN- [Complete]Where stories live. Discover now