Chapter 22- Cover your ears

ابدأ من البداية
                                    

ရှဲ့လင်၏မိသားစုတွင် ကြီးမားသော စီးပွားရေးနောက်ခံရှိသော်လဲ ရှဲ့လင်ကိုယ်တိုင်က အောင်မြင်သော စီးပွားရေးတစ်ယောက် မဖြစ်ချင်ဟု ကျိမင်ရွေ့က ချီချင်းကို ပြောပြဖူးသည်။ သူတို့အိမ်အလုပ်များကို တစ်ယောက်ယောက်ကို လွှဲထားကာ သူကိုယ်တိုင်ကတော့ ဇိမ်ခံကားလေးမောင်း၍ ဟိုဒီ လျှောက်သွားလိုက် ဆေးခန်းသွားပြလိုက် လုပ်နေသည်ဟု ဆိုသည်။ ထို့အပြင် လူသတ်မှုဖြစ်သည့်နေရာများကိုလဲ လိုက်ကြည့်တတ်သည်တဲ့။

ချီချင်း၏ ဆရာဝန်က သူ့ကို လူများများနှင့် ပြောဆိုဆက်ဆံရန် ညွှန်ကြားခဲ့သည်။

သို့သော် လူနှင့် အရူးကြားတွင် ကွာခြားချက်အကြီးကြီးရှိ၏။ အရူးက လူတော့မဟုတ်။ သူ့စိတ်ကျန်းမာရေးအတွက် ရှဲ့လင်လိုအရူးနှင့်တော့ သူ ဝေးဝေးနေသင့်သည်။

" ကျွန်တော့်အခန်းကို တံခါးလာမခေါက်နဲ့.. ကျွန်တော့်အတွက် အိမ်နီးချင်းမလိုဘူး...အိမ်နီးချင်းကောင်းဆိုတာ လူသေလို တိတ်တိတ်လေး နေပေးရမယ်"
လက်နှင့်မထိပဲ အတွေးများကို ကြားနေရသော်လဲ လက်အိတ်ဝတ်သည့်အကျင့်ကိုဖျောက်လို့မရ။
" မဟုတ်ရင် စာချုပ်ဖျက်သိမ်းဖို့ ကျွန်တော်ကြိုးစားရလိမ့်မယ်"

ပစ္စည်းရွှေ့ပြောင်းသူများက နောက်ဆုံးသေတ္တာကို ရွှေ့နေကြ၏။ ချီချင်း အခန်းထဲပြန်မဝင်ခင် ရှဲ့လင်ကို ပြောခဲ့သေးသည်။
" ခင်ဗျားရဲ့ မနက်စာကိုတော့ ကိုယ့်ဟာကိုယ်ပဲ စားလိုက်ပါ"

ချီချင်းက အိမ်ထဲတွင် ပုံထားသော ပစ္စည်းများကို သေချာကြည့်ကာ လက်အိတ်အမည်းချွတ်၍ ဆေးရုံသုံးရာဘာလက်အိတ်ကို စွပ်သည်။ ထို့နောက် ပြင်ထားသော ပိုးသတ်ဆေးရည်များနှင့် ဖြန်း၏။

သို့သော် အများကြီးသုံးလိုက်ရသောကြောင့် ပိုးသတ်ဆေးရည်သိပ်မကျန်တော့။ ကုန်ခါနီး ဆေးဘူးကို လှုပ်ကြည့်ရင်း အနီးဆုံးပိုးသတ်ဆေးရောင်းသည့်ဆိုင်ကို ရှာကြည့်ရသည်။

ဒီအိမ်၏ ပတ်ဝန်းကျင်မှာ အတော်လေးသန့်၏။ သို့သော် သန့်သည်ဆိုသည့်နေရာတွင် အိမ်အသုံး‌အဆောင်ပစ္စည်းဆိုင်များက အတော်ဝေးဝေးတွင် ရှိနေသည်။အိမ်တိုင်ရာရောက် ပစ္စည်းပို့ပေးသည့် ဆိုင်များတွင်လဲ ပိုးသတ်ဆေးမရှိ။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် حيث تعيش القصص. اكتشف الآن