" ကျွန်တော်က ရှစ်စွမ်းအစား ကူဖြေရှင်းပေးနေတာ..."
သူ ထိတ်လန့်သွားပြီး မျက်နှာကြီး မည်းမှောင်နေသည့် နျဉ်ယွင်ရှင်းကိုကြည့်ကာ ထိုလူက လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
" အလုပ်ဖြစ်မှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့်က အခိုင်အမာပြောလိုက်သည်။သူ့တပည့်ပါ ဤကိစ္စထဲတွင် ဝင်ပါပြီး သူ့အစားဖြေရှင်းပေးရန် မဆိုနှင့် တပည့်ဖြစ်သူနှင့်ပါ မကင်းမရှင်းဖြစ်သည်ဆိုကာ သိက္ခာကျမည့်အဖြစ်ကိုလည်း သူ မလိုလားပေ။ ၎င်းက နှစ်ယောက်လုံးအတွက် သိက္ခာကျစရာဖြစ်လာနိုင်သည်။
" ဘာလို့လဲ..."
ကျိုးရွှမ်လန်က မေးလိုက်သည်။" အလုပ်မဖြစ်ဘူးဆို မဖြစ်တာပဲ တော်လိုက်တော့..."
ရှန်းလျိုရှန့်က ပြောလိုက်သည်။အေးစက်စက်အော်သံတစ်သံက သူတို့နှစ်ယောက်၏ စကားဝိုင်းကို အနှောင့်အယှက်ပြုလိုက်သည်။
ဓားဂိုဏ်းမှ တပည့်များက ရင်းနှီးနေသည့်အသံကို ကြားသည့်အခါ ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာသည်။ အခြေအနေမကောင်းဟု ခံစားလိုက်ရသောကြောင့် တုန်တုန်ယင်ယင်ဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
" အဲဒါ ဂိုဏ်း ဂိုဏ်းချုပ်ပဲ..."
သူတို့တော့ ပြဿနာတက်ပြီ... ဂိုဏ်းချုပ်ကဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ... မဟုတ်မှလွဲရော...
လန်ရှောင်ရှန့်၏မျက်နှာက အေးစက်နေပြီး ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်ကို တစ်လှည့်ချင်းစီ ကြည့်နေသည်။ သူ မျက်မှောင်ကြုတ်ထားပေသည်။
" အားလုံးရဲ့ရှေ့မှာ မင်းတို့နှစ်ကိုယ်ကြား ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထုတ်ပြောနေတာ လုံးဝမသင့်တော်ဘူး..."
လန်ရှောင်ရှန့်က ပြောပြောဆိုဆိုနှင့် လင်ယဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။
" ဂိုဏ်းချုပ်လင်... ခင်ဗျားတပည့်တွေရဲ့ အပြုအမူ အပြောအဆိုတွေကို ပိုဂရုစိုက်ဖို့ ကျုပ်အကြံပေးပါတယ်..."
Chapter 46
Start from the beginning