Chapter 83

1.7K 253 15
                                    

Chapter 83


ပင်လုံးကြိုင်မုန့်ကိုကိုင်ထားသော ရှန်းလျိုရှန့်၏လက်များက အနည်းငယ် တင်းကြပ်လာသည်။

ဓားကိုင်ထားသော ရှုရှင်းချန်နှင့် မုန့်ကိုလှမ်းယူရန် မျှော်လင့်တကြီးဖြင့် လက်ဆန့်ထုတ်လိုက်သော ကျိုးရွှမ်လန်ကို သူ တစ်လှည့်စီ ကြည့်နေမိသည်။

"..."

ထိုမုန့်ကိုသွားဝယ်လိုက်ရန်က အချိန်ခဏသာကြာ၍ ရှုရှင်းချန်ကိုကျွေးရန်အတွက် ကျွမ့်ယွင်အဆောင်သို့ယူသွားရန် အမှန်တကယ် တွေးထားခဲ့ခြင်းဖြစ်သည်။ သူ ယမန်နေ့ညက ဝိညာဉ်ဆေးပင်များကိုလေ့လာပြီး ဆေးဖော်နေချိန်တွင် ရှုရှင်းချန်က အိမ်မက်ယောင်ပြီး စကားအချို့ရေရွတ်နေသည်ကို ကြားလိုက်ရသည်။ နန်းတွင်းတွင် သူ့ညီမလေး မည်သို့နေထိုင်နေသည်ကို ပူပန်ကြောင်းနှင့် သူမ လုပ်ထားသော ပင်လုံးကြိုင်မုန့်ကို စားလိုသည့်အကြောင်း ပြောနေခဲ့သည်။

ရှုန်းလျိုရှန့်က ထိုအကြောင်းတွေးမိသောအခါ ပင်လုံးကြိုင်မုန့်ကို သူ့ထံပေးလိုက်သည်။

" အရသာက ရှန်းလျန်လုပ်တဲ့မုန့်လောက်မကောင်းပေမယ့် လောလောဆယ်တော့ စားချင်တာလေး စားလိုက်ရတာပေါ့..."

ရှုရှင်းချန်၏ မျက်နှာအမူအရာက ပျော့ပျောင်းသွားပြီး ဓားကိုပြန်သိမ်းထားလိုက်ကာ မုန့်ကိုလှမ်းယူလိုက်သည်။

" ခင်ဗျားက အလိုက်သိသားပဲ ဒါဆိုရင်ဝောာ့ မနေ့ညကဖြစ်ခဲ့တာကို စိတ်ထဲမထားတော့ပါဘူး..."

သူ ထိုစကားပြောနေလျက်ဖြင့် ကျိုးရွှမ်လန်ဘက်သို့လှည့်ကာ ရယ်မောလိုသော်လည်း တစ်ချက်လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် စကားလုံးများကို မျိုချလိုက်ရသည်။

ကျိုးရွှမ်လန်က ကြောင်အမ်းအမ်းဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ဆီစိမ်စက္ကူကို ခဏစိုက်ကြည့်နေပြီးနောက် စိတ်ရှုပ်ထွေးမှုများပြည့်နေသည့်မျက်နှာဖြင့် ရှန်းလျိုရှန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူ့ကို ဝိညာဉ်မှတစ်ဆင့် အသွင်ပြောင်းထားခြင်းဖြစ်သောကြောင့် သူ့လှုပ်ရှားမှုတိုင်းက ပင်မခန္ဓာကိုယ်နှင့် ဆက်နွယ်နေသော်လည်း ပင်မခန္ဓာကိုယ်က မတုံ့ပြန်လျှင် သူကိုယ်တိုင်လွတ်လွတ်လပ်လပ်တွေးတောပြီး  ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းOnde histórias criam vida. Descubra agora