အပိုင်း (၁၉)

3.1K 34 0
                                    

"ညည်းတို့အေ မြီးကောင်ပေါက်စ အရွယ်လည်း မဟုတ်တော့ဘူး အသက်ပဲ ၂၉၊ ၃၀ဖြစ်နေပီ ဦးနှောက်လေးဘာလေး မသုံးကြဘူးလား ဟမ်"

"..........."

လူကြီးမိဘ စုံရာနဲ့ပြန်မအပ်ခင် ကြီးကြီးက အခေါ်ရှိ၍ မေသက်လျာတို့ လင်မယားနှစ်‌ောာက်လုံးနဲ့ မေမေ ပါ ကြီးကြီး၏နေအိမ်သို့ ရောက်နေကြပီး အဆူခံနေရခြင်း ဖြစ်သည်။ မေသက်လျာကတော့ ကျုံ့ကျုံ့လေးထိုင်ကာ ခေါင်းကိုသာ ငုံ့ထားမိလေတော့သည်။

"ပြောလေ မိသက်လျာ ညည်းကို ချစ်သူရှိလား မေးရဲ့သားနဲ့ ညည်းပဲ မရှိဘူးဆိုလို့ ကျုပ်က မေုင်ခန့်မင်းနဲ့ စီစဉ်ပေးတာလေ အခုတော့ စေ့စပ်ခါနီးမှ လင်နောက်လိုက်ပြေးရတယ်လို့အေ ကြားလို့မှမကောင်း"

ကြီးကြီးက ဒေါသတကြီးနဲ့ကို ပြောနေတော့လည်း မေသက်လျာ ဘာမှဝင်မပြောရဲပါ။ အဆူခံရအောင် လုပ်မိမှတော့ အဆူခံရုံပေါ့။

"ကြီးကြီးရယ် ပီးခဲ့တာတွေ ထားလိုက်ပါတော့နော် ကိုခန့်မင်းကိုလည်း သမီး သေချာတောင်းပန်လိုက်ပါ့မယ်"

"အေး ကောင်းရော အခုတော့ ငါရဲ့ ဓမ္မမိတ်ဆွေတွေကို ဘယ်လိုမျက်နှာပြရမှန်းကို မသိတော့ဘူး"

"ဟိုလေ ကြီးကြီး ကျနော် တခုလောက် ပြောချင်လို့ ရမလား ခင်ဗျ"

တချိန်လုံး မေ့လက်ဖဝါးလေးကိုသာ ဆုပ်ကိုင်ထားပီး တိတ်နေခဲ့သည့် မြတ်သူရက အခုမှ အသံထွက်လာသည်။ ကြီးကြီးက ပြော ဆိုသည့်သဘောနဲ့ ကြည့်လိုက်တော့

"ဖြစ်ခဲ့တာတွေက ကျနော့်ကြောင့်ပါ ကြီးကြီးရယ် ကျနော် တွေဝေနေခဲ့လို့ အခုလိုတွေ ဖြစ်ကုန်ရတာပါ မေလေး မရှိရင် မဖြစ်တော့ဘူးဆိုတာကို ကျနော် အသိဝင်တဲ့အချိန်က နောက်ကျခဲ့လို့ပါ မေလေးကို သိပ်မဆူပါနဲ့တော့နော် ကြီးကြီး ... ကြီးကြီးက ကျနော်တို့ကို သဘောမတူလို့လားဟင်"

စလာပါပီ မြတ်သူရ၏ စကားလက်နက်တွေ အချော့အချွဲတွေနဲ့ မေလေး နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သလို ကြီးကြီးတို့ကိုလည်း သူ့ဘက်ပါအောင် လုပ်နေပြန်ပါပီ။

"အခုမှတော့ သဘောမတူလို့တော့ မရတော့ဘူးပေါ့ ကိုယ့်တူမက အပျိုပြန်ဖြစ်မှာမှ မဟုတ်တာ ဒါနဲ့ ညည်းတို့ လက်မှတ်ထိုးပီးကြပီလား"

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now