အပိုင်း (၆)

2.8K 52 0
                                    

သူငယ်ချင်းနှစ်ယောက် အိမ်ပြန်လမ်းကို လမ်းလျှောက်ရင်း ‌စကားပြောရင်း ပြန်လာကြသည်။

"မြတ်သူရက နင့်အကြောင်း ငါ့ကို တွေ့တိုင်း မေးတယ်ဟ ငါကလည်း အမြင်ကပ်လို့ နင် အရင်တခါလို ပြသနာရှာရင် ငါနဲ့နင် ရှင်ခန်းပြတ်နော် ပြောထားတာဟ"

"ခင်လေးရယ် နင်ကလည်း ကြမ်းလိုက်တာ သူ သနားပါတယ်"

"ဘာရယ် ဘာရယ် ငါများ နားကြားမှားသလား ဒေါ်မေသက်လျာ"

"ဟုတ်တယ်လေ နင်က ကြမ်းပြထားတော့ သူက ငါကို မဆက်သွယ်ရဲတော့ဘူးပေါ့ဟ"

"ဟော့တော် ဘယ်လိုတောင် အမှတ်မရှိတဲ့ အသည်းလဲဟယ်"
ဆိုပီး ခင်ခင်ခ ကိုယ့်နဖူး ကိုသာ ရိုက်မိပါတော့သည်။

"ခင်လေးကလည်း ခုချိန် သူလည်း လူလွတ် ငါလည်း ချစ်သူမရှိဘူးလေဟ"

"ဟဲ့ နင် အသည်းကွဲထားတာ ၉နှစ်ကျော်ကြာသွားလို့ နောက်တခါ ထပ်ကွဲချင်နေတာလား"

" မဟုတ်ရပါဘူးဟယ်.. ငါက ဒီတိုင်း သူနဲ့ အရင်လို သူငယ်ချင်းလို ခေါ်ပြောလို့ ရရုံလေးပဲ ပြောချင်တာပါ"

ခင်ခင်ခ မျက်စောင်းသာထိုးနိုင်တော့သည်။

"နင့်မှာ သူ့ Facebook account ရှိလားဟင်"
"ရှိတယ်လေ ငါနဲ့သူနဲ့က friend ဖြစ်နေတာ"
"အာ့ဆို ငါ့ကို ပေးပါလားဟင်"
"အလိုတော် မိန်းမ နင်တော်တော်ဖြစ်နေ နော်"
"နင်ကလည်း ဒီတိုင်း friend ဖြစ်ချင်ရုံပါဆို"
"နင်ကစပီး အပ်မလို့လား"
"ဟီးးး ဟုတ်တယ် နင်ပြောထားလို့ သူက ငါ့ကို ရှိန်နေတာလားမှ မသိတာ ငါကပဲ သဘောထားကြီးပီး အပ်ပေးရမှာပေါ့ဟ"

တကယ်ဆေးမမှီဘူးဆိုတဲ့ အကြည့်နဲ့သာ ‌ခင်ခင်ခ ကြည့်လိုက်မိတော့သည်။

မေသက်လျာ အိမ်ကိုရောက်တော့ ရေမိုးချိုး အဝတ်အစားလဲကာ ကိုယ်ပိုင်အခန်းလေးထဲက အိပ်ရာလေးဆီမှာ ဖုန်းလေးကို ကိုင်ကာ လှဲ‌လိုက်ပီး Facebook သုံးနေသည်။ သူ့အကောင့်ကို ရှာရမည် မဟုတ်ပါလား။

ဟော တွေ့ပါပီ မေသက်လျာအကြိုက်ဆုံး အဝါရောင် အကျီလေးနဲ့ ပြုံးနေတဲ့ profile photoလေးကို တွေ့ပီး မေသက်လျာ ရင်ခုန်စွာနှင့် add friend ကို နှိပ်လိုက်မိတော့သည်။ သူ accept လုပ်မယ့်အချိန်ကို စောင့်ကြည့်နေပေမဲ့ မေသက်လျာ အိပ်ပျော်သွားသည်။ သူကတော့ accept မလုပ်ခဲ့ပါ။ မနက်ဖြန်မှ accept မလုပ်ရင် သူ့ကို addထားတာ ပြန်ဖြုတ်မယ်ဟုတွေးပီး အိပ်ပစ်လိုက်တော့သည်။ အိမ်မက်ထဲမှာတော့ ပြုံးပြနေတဲ့ မြတ်သူကို မြင်ရ‌လိုက်၏။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now