အပိုင်း (၅)

2.7K 47 0
                                    

မေတ္တာပေးလို့ မေတ္တာ ပြန်ရတယ်ဆိုတဲ့ စကားက မေသက်လျာအတွက်တော့ မဟုတ်ခဲ့ဘူး ထင်ပါရဲ့။ ငယ်ငယ်တည်းက ကြိတ်ပီး ရင်ခုန်ခဲ့ရတဲ့ သူတယောက်က မထင်မှတ်ဘဲ မေသက်လျာ ဘဝထဲ ဝင်လာခဲ့ပြီး မထင်မှတ်ထားတဲ့ အကြောင်းပြချက်နဲ့ပဲ ပြန်ထွက်သွားခဲ့ပြန်သည်။ အသက် ၁၉နှစ်အရွယ် မိန်းကလေးတယောက်အတွက် အသည်းကွဲဝေဒနာက ဆိုးလွန်းလှသည်။ သို့ပေမဲ့လည်း အရာရာကို အချိန်က ကုစားနိုင်တယ် ဆိုသလိုပါပဲ နာကျင်မှုတွေက ရှိပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မှေးမှိန် ပျောက်ကွယ်သွားနိုင်တယ်ဆိုတာ မေသက်လျာ လက်ခံလာခဲ့သည်။

ဘွဲ့ရပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်လာတော့လည်း အလုပ်ကိုပဲ ဦးစားပေးဖြစ်ခဲ့သည်။

"မေမေ သမီး ဒီနေ့ site(လုပ်ငန်းခွင်)ထဲ သွားစစ်ရမှာမို့ ဒီနေ့ နောက်ကျမယ်နော်"
"အေး အေး အရမ်းမှောင်နေရင် ပြောဦး အဖေကြီးကို လာကြိုခိုင်းလိုက်မယ်"
"ဟုတ် မေမေ သွားပီ"

အလုပ်ထဲ သွားခါနီး အမေ့ကို နှုတ်ဆက်ပီး မေသက်လျာ အိမ်ကထွက်ခဲ့သည်။ အခုတော့ ၂၈နှစ်အရွယ် အင်ဂျင်နီယာမလေး တစ်ဦး ဖြစ်နေသော မေသက်လျာ အဖြစ် ပြောင်းလဲခဲ့ရပီ။ မေသက်လျာ Interior Decoration ကုမ္ပဏီတခုတွင် လခစားဝန်ထမ်းတစ်ဦး ဖြစ်လာသည်။ အရင်တုန်းကထက် အနည်းငယ် ပြည့်လာတယ်ဆိုပေမဲ့ အချိုးအဆစ်တကျရှိနေသေးသော ခန္ဓာကိုယ်နဲ့ ပါးဖောင်းဖောင်းလေးကတော့ မေသက်လျာရဲ့ အမှတ်အသားလို့တောင် ပြောလို့ရပေမည်။

တက္ကသိုလ်တက်တုန်းက မိတ်ကပ်မလိမ်းတတ်ခဲ့ပေမဲ့ အခုတော့လည်း လုပ်ငန်းခွင်ထဲမှာ သူသူငါငါ အလှပြင်တာတွေကြည့်ရင်း မေလေး အလှပြင်တတ်လာသည်။ ကိုယ်လုံးပြည့်ပြည့်လေးကို စမတ်ကျအောင် လမ်းလျှောက်တတ်လာသည်။ တနေ့ တနေ့ ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံး လည်ပတ်နေရင်းနဲ့ပဲ နေ့တွေ လတွေ ကုန်ဆုံးခဲ့ရသည်။

"မေသက်လျာ.....မေလေး ဟုတ်ပါတယ်နော်"

အသံကြားရာဆီသို့ လှည့်ကြည့်လိုက်တော့ ခင်ခင်ခ ခေါ် ‌ခင်လေး ဖြစ်နေသည်။ ခင်လေးနဲ့ မေလေးက တက္ကသိုလ် ပီးတည်းက မတွေ့ဖြစ်ကြတော့ပေ။ လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြတော့ တယောက်နဲ့တယောက် တွေ့ဖို့ပင် ခက်ကုန်ကြသည်။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now