အပိုင်း (၈)

2.5K 40 0
                                    

ကင်ပွန်းစခန်းရောက်တော့ မြတ်သူရက သူ့ကားကို စခန်းရှိ စိတ်ချရသောနေရာတွေ အပ်ခဲ့ပီး တောင်ပေါ်သို့တက်ရန် တောင်တက်ကားများရှိရာဆီ လေးယောက်သား သွားကြလေသည်။
"‌ငါ cableကား စီးချင်တယ် စီးကြမယ်နော် ကိုကို" ‌ဟု ခင်လေးက သူ့ရည်းစားကို ပူဆာသလို ပြောသည်။ ကိုကောင်းက ကျန်တဲ့လူတွေကို မျက်စိဝေ့ကြည့်ကာ
"အင်း တခြားလူတွေ စီးမယ်ဆိုရင် တူတူစီးကြမယ်လေ" ဟု ဖြေလေသည်။
"ခင်လေးကလည်း ငါ အမြင့်ကြောက်တတ်တယ် စီးရဲဘူးဟ" ဟု မေသက်လျာက ပြောလိုက်သည်။
"ကဲပါ အကုန်တူတူစီးမှာပဲဟာကို မေလေး နင်လည်းလိုက်စီး ကြောက်ရင် ငါ့ကို ဖက်ထားပေါ့နော့" ဟု ‌မြတ်သူရက ဝင်နောက်လိုက်တော့မှ ခင်လေးရော ကိုကောင်းစည်သူကပါ ရီကြလေတော့သည်။ မေသက်လျာကတော့ နှုတ်ခမ်းလေးကိုက်ကာ မျက်စောင်းထိုးလိုက်မိတော့သည်။
မနက်ကိုးနာရီခွဲ အချိန်တွင် တောင်တက်ကား စတင်စီးရလေသည်။ ရန်ကုန်တွင် မနက်ကိုးနာရီဆိုလျှင် စတင်ပီး အပူဒဏ်ခံနေရပီဆိုပေမဲ့ တောင်ပေါ်‌ဒေသမှာတော့ ဆောင်းလေပြည်အေးလေးက တကယ်ကို အေးစိမ့်စိမ့်လေးနဲ့ နေရတာ စိတ်ကို ကြည်လင်စေသည်။ တောင်တက်ကားက တ‌စ်တောင်တက် တစ်တောင်ဆင်း ဖြင့် တကယ်ကို ရင်ခုန်စရာကောင်းလေသည်။ ဘေးနားက စိမ်းစိုနေသော သစ်တော ရှုခင်းတွေကလည်း တကယ်ကို မျက်စိအေးစေပါသည်။

ကင်ပွန်းစခန်းရောက်တော့ မြတ်သူရက သူ့ကားကို စခန်းရှိ စိတ်ချရသောနေရာတွေ အပ်ခဲ့ပီး တောင်ပေါ်သို့တက်ရန် တောင်တက်ကားများရှိရာဆီ လေးယောက်သား သွားကြလေသည်။ "‌ငါ cableကား စီးချင်တယ် စီးကြမယ်နော် ကိုကို" ‌ဟု ခင်လေးက သူ့ရည်းစားကို ပူဆာသလို ပြောသည်။ ကိုကောင်းက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တောင်တက်ကားပေါ်မှာ အစွန်ဆုံးဘက်မှာ မြတ်သူရထိုင်သည်။ မြတ်သူရ‌ရဲ့ဘေးမှာ မေသက်လျာ၊ပီးတော့ ခင်ခင်ခနဲ့ ကိုကောင်းစည်သူတို့က အစဉ်လိုက် ထိုင်ကြလေသည်။ မသိလျှင် စုံတွဲ နှစ်တွဲ ခရီးသွားနေကြသလိုပင်။ ကိုကောင်းစည်သူနဲ့ ခင်ခင်ခတို့ စုံတွဲကတော့ တကယ့်ကို ချစ်မေတ္တာတွေ ပြည့်နေတဲ့ မျက်ဝန်းလေးတွေနဲ့ အပြန်အလှန် ချစ်ကြည်နူး တစ်တီတူးနေသလောက် မေလေးကတော့ မြတ်သူရကိုလည်း တည့်တည့်စိုက်မကြည့်ရဲ။ အသွားလမ်းတလျှောက် ပြောခဲ့သော စကားများကို ပြန်တွေးမိပီး ရှက်တာရော ရင်ခုန်မိတာရော ပေါင်းပီး သက်ပြင်းခိုးချနေရုံသာ တတ်နိုင်သည်။ မြတ်သူရကတော့ ဘာမှမဖြစ်သလိုပင် ရှုမျှော်ခင်းပုံများကိုသာ ဓာတ်ပုံရိုက်နေလေ၏။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now