အပိုင်း (၁၅)

2.8K 40 0
                                    

လွန်ခဲ့သော (၈)နာရီခန့်က.......

ခင်ခင်ခတို့ရဲ့ မင်္ဂလာညစာစားပွဲက Chatrium Hotel Outdoor Garden (အပြင်ဘက် မြက်ခင်းပြင်) တွင် ‌ကျင်းပ‌ခြင်းဖြစ်လေသည်။ အဖြူရောင် ဒူးဖုံးဂါဝန်ကားကားလေးနဲ့ လှချင်တိုင်းလှနေသည့် သတို့သမီးလေး ခင်ခင်ခကို မေလေး ကြည့်မဝနိုင် သူမလေးအစား ပီတိဖြစ်ရပေသည်။

မေသက်လျာကတော့ ရွှေရောင်ပန်းပွင့်လေးတွေ ပါသော အဖြူရောင်ဇာဂါဝန်ဒူးဖုံးလေး ဝတ်ထားပီး ဖြူသော အသားအရည်နဲ့ လိုက်ဖက်စွာ ရွှေရောင် ဒေါက်မြင့်ဖိနပ်လေး စီးထားလေသည်။ ရှန်ပိန်ခွက်လေး ကိုင်ကာ မေလေးဆီ ပြုံးပျော်သော ခြေလှမ်းများနှင့် လျှောက်လှမ်းလာသူလေးကတော့ သတို့သမီးလေး ခင်ခင်ခပင်။

"မေလေး သူငယ်ချင်း လှလိုက်တာဟယ် နင်နဲ့ အဲ့ဝတ်စုံလေး အရမ်းလိုက်တာပဲ"

"အမယ် သတို့သမီးလောက် ဘယ်လှမလဲ ငါ့သူငယ်ချင်းလေးက ဒီနေ့ပွဲမှာ အလှဆုံးပဲ"

"ဒါကတော့ ဖြစ်သင့်တာပဲလေ ဟင်းဟင်းဟင်း ဟားဟား"

ခင်ခင်ခ သူ့မေးစေ့လေး ကို ပွတ်၍ ပြောလေသည်။ သူငယ်ချင်းနှစ်ယောက် ပြိုင်တူ ရီမိကြပြန်သည်။

"ဟဲ့ ဒါနဲ့ နင့်အချစ်ဟောင်းကို နှုတ်မဆက်တော့ဘူးလား "

"ဘာကို အချစ်ဟောင်းလဲ နင်နော်"

မေလေးက မျက်စောင်းထိုးမိသည်။ မျက်လုံးလေးကလည်း မြတ်သူရကို ဝေ့ဝဲရှာလိုက်သေးသည်။ တွေ့ပါပီ ကိုယ်တော်ချောက အနောက်တိုင်းဝတ်စုံ ရွှေရောင်အဖျော့လေး ဝတ်ထား၏။ မသိလျှင် မေလေးနဲ့ စုံတွဲဆင်တူ ဝတ်လာသလိုပင်။ သူကတော့ မေလေးကိုသာ စိုက်ကြည့်ပီး မေလေးရပ်နေသောနေရာသို့ တန်းတန်းမတ်မတ် လျှောက်လာလေသည်။ မေလေးအနား သူ‌နီးကပ်လာလေ မေလေး ရင်ခုန်မိလေ။

"မေလေး နင်ဘယ်လိုဖြစ်နေတာလဲ သူလည်း မိန်းမရနေလောက်ပီ နင်လည်း မကြာခင် စေ့စပ်ရတော့မှာ စိတ်ကိုထိန်းစမ်း" ဟု ကိုယ့်ဘာသာ စိတ်ထဲက တယောက်တည်း ကြိတ်ပီး ဆုံးမနေရသည်။ ဒါမဲ့ ရင်ခုန်သံတွေက ဆုံးမရခက်လေသည်။ မေလေး သူ့ကို မမြင်ချင်ယောင်ဆောင်၍ ဘူဖေးကျွေးသည့်အစားသောက်များ ထည့်ရန် လှည့်ထွက်လာလိုက်တော့သည်။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Kde žijí příběhy. Začni objevovat