အပိုင်း (၄)

2.8K 52 0
                                    

"ကိုတို့ လမ်းခွဲရအောင်"
"ဘယ်လို ကို ဘာပြောလိုက်တယ်"

ထိတ်လန့်အံဩမှုတွေနဲ့ မထင်မှတ်ထားတဲ့ စကားမို့ မေသက်လျာ အသံတွေ တုန်နေခဲ့သည်။

"ဘာလို့လဲ ဘာဖြစ်လို့လဲ ပြောပါဦး ကိုရဲ့"

မေသက်လျာရဲ့ အသံလေးက တုန်ယင်ပီး ငိုသံစွင်လာခဲ့သည်။ ဖုန်းထဲမှာမို့ မေသက်လျာရဲ့မျက်နှာကို မြတ်သူရ မမြင်နိုင်ပေမဲ့ မေသက်လျာ ငိုနေမယ်ဆိုတာ သိပါသည်။

"ကိုတို့နှစ်ယောက် ရှေ့ဆက်လို့ အဆင်မပြေတော့ဘူး မေလေး ကို့ကို မုန်းလိုက်ပါ ခွင့်မလွှတ်ပါနဲ့" ဟုဆိုကာ ဖုန်းချသွားလေသည်။

တကယ်ကိုမှ မထင်မှတ်ထားတဲ့အချိန်၊ မထင်မှတ်ထားတဲ့ စကားကို ကြားလိုက်ရတဲ့ မေသက်လျာ ခေါင်းတွေချာချာလည်နေခဲ့သည်။
"ဘာကြောင့်လဲ" "ဘာလို့ သူ ဒီလိုလုပ်ရတာလဲ" ဆိုတဲ့ အတွေးတွေနဲ့သာ လုံးချာလည်ရင်း မနက်မိုးလင်းစ ပြုလာခဲ့သည်။ မေလေးရဲ့ မြန်မာနှစ်သစ်ကူးနေ့က တကယ့်ကို မျက်ရည်နဲ့စခဲ့ရသည်။

"အဟင့် ငါ့ကို သူဘာလို့ အဲ့လို လုပ်ရတာလဲဟင် ခင်လေး ငါ ဘာမှားလို့လဲ မေးတော့လည်း ငါမမှပါဘူး သူ့ကို မုန်းလိုက်ပါလို့ပဲ ပြောတယ် ခင်လေးရဲ့ အီးးးဟီးး ဟင့် ဟင့်"

"ဒီကောင် ငါ သေချာမှာထားရက်နဲ့ တော်တော်အချိုးမပြေပါလားနော်" ‌

ခင်လေး စိတ်တိုစွာ ရေရွတ်ရင်း မေလေးကို ပုခုံးလေးပုတ်ကာ နှစ်သိမ့်နေသည်။

"ငါနဲ့သူက ငယ်ငယ်တည်းက သိခဲ့တဲ့လူတွေပါ သူငါ့ကို တကယ်မချစ်နိုင်ရင် အစတည်းက ရည်းစားစကား မပြောခဲ့သင့်ဘူး သူ့ကို သနားလာအောင် တခါမှ ငါမလုပ်ခဲ့သလို သူချစ်လာအောင်လည်း ငါ မမြှူဆွယ်ခဲ့ဖူးဘူး ခင်လေး"

မေသက်လျာ ဝမ်းနည်းတာရော ဒေါသတွေပါ ပေါင်းပီး မျက်ရည်က ရပ်တန့်မရနိုင်။

"ငါသိတာပေါ့ မေလေးရယ် အဲ့အကောင်ကို ငါ သေချာပြောတယ် နင့်စိတ်က မသေချာရင် မကမြင်းနဲ့နော်လို့ အဲ့ဒါကို လုပ်ဖြစ်အောင် လုပ်တယ်"

"ငါမသိတော့ဘူး ‌ခင်လေးရယ် မေမေ့ရှေ့မှာလည်း ငိုမရတော့ နင့်ဆီကို လာခဲ့တာ"
"ရတယ် သူငယ်ချင်း စိတ်ကြိုက်ငိုပစ်လိုက် ပြီးရင် အဲ့ကောင်ကို ခေါင်းထဲက ထုတ်လိုက်တော့"

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now