ထိုညတွင် ပညာတတ်လူငယ်များနေရာမှာ ညစာအတွက်အသားရခဲ့သည်။ စူးမန့်ဝက်စာမြက်သွားဖြတ်ချိန်မှာ မြက်ပင်တွေနဲ့ငြိထွေးနေတဲ့ရစ်ငှက်တစ်ကောင်ကိုတွေ့ခဲ့သည်။ နောက်တော့ သူမဖမ်းခဲ့လိုက်တယ်။

လူတိုင်းသည်စူးမန့်ရဲ့ကံကောင်းမှုကိုအားကျသွားကြပေမဲ့ သူတို့တတ်နိုင်သမျှက သူမကိုအားကျဖို့ပါပဲ။

ပြီးခဲ့တဲ့အခေါက်က တောင်ခြေမှာသူမကယုန်ရိုင်းတစ်ကောင်ဖမ်းမိခဲ့သည့်အတွက် တခြားသူတွေသည်လည်းအလုပ်ပြီးတဲ့အခါ အဲ့ဒီနားသွားကြည့်ကြပေမဲ့ ဘယ်သက်ရှိတိရစ္ဆာန်ကိုမှမမြင်ခဲ့ကြပေ။ နောက်တော့ သူတို့လက်လျှော့လိုက်ကြပေမဲ့ စူးမန့်ကဒီလောက်မြန်မြန် နောက်တစ်ခုရရှိသွားမယ်လို့ မမျှော်လင့်ထားကြပေ။

လူတိုင်းစိတ်လှုပ်ရှားသွားသည်။ လူတွေအများကြီးအတွက် အသားနည်းနည်းလေးပဲရှိပေမဲ့ အသားအရသာကိုမြည်းစမ်းရလို့ ပျော်ရွှင်ကြပါသည်။ ညစာစားပြီးနောက် စူးမန့်သည်လုရှအနားလာပြီး တီးတိုးဆိုလာသည်။
" နင်အပြင်ပြောင်းနေချင်လား?"

ဒီစကားကြားလိုက်ရတော့ လုရှမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
" ‌အပြင်ပြောင်းမယ်? ရွာသားအိမ်ကိုလား?"

သူတို့တွေကိုအိမ်ဆောက်ခွင့်မပြုထားသည့်အတွက် တစ်ခုတည်းသောရွေးချယ်စရာက ရွာသားအိမ်ပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက်ကစွင်းရှန်းနန်ပြောတာကို နားထောင်ပြီးနောက်မှာ သူမကရွာသားအိမ်မှာသွားနေရဲဦးမှာလား?

စူးမန့်ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် ရွာသားအိမ်ပဲ ဒါပေမဲ့အဲ့ဒီမှာအဖွားတစ်ယောက်ပဲနေတယ် သီးခြားအခန်းတစ်ခန်းရှိတယ် နင်အပြင်ပြောင်းနေချင်ရင် ငါတို့အတူနေလို့ရတယ်"

သူမဘယ်အိမ်ကိုပြောနေတာလဲလို့ လုရှတွေးကြည့်ရန်ကြိုးစားလိုက်သည်။ ဒီနေရာကိုရောက်တာ ရက်အနည်းငယ်ကြာပြီးနောက်မှာ သူမသည်ရွာအကြောင်းနည်းနည်းပါးပါး နားလည်သဘောပေါက်လာပုံရပေမဲ့ စူးမန့်ပြောနေတာဘယ်အိမ်မှန်း သူမမစဉ်းစားတတ်ဘူး။

သူမစိတ်ရှုပ်ထွေးသွားတာမြင်လိုက်ရတော့ စူးမန့်ရှင်းပြလိုက်သည်။
" အဲ့ဒီအဖွားကစစ်တပ်ကပင်စင်စားပဲ သူ့မှာလစဉ်ထောက်ပံ့ငွေရှိပြီး အလုပ်လုပ်စရာမလိုဘူး သူကအပြင်ထွက်တာရှားတယ် ငါသူ့အိမ်ရောက်ပြီးပြီ သန့်ရှင်းသပ်ရပ်ပြီး အဖွားကလည်းသဘောကောင်းတယ်"

အဆုံးမရှိတန်ခိုးထွားလှပါသောအမြောက်စာခင်ပွန်းသည်Where stories live. Discover now