သူဖန်တီးသော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း (၃၂)

26 2 0
                                    

ပယင်းငယ်

ကျွန်တော် အရာရာပုံအပ်ပြီးချစ်ခဲ့ဖူးတဲ့ ကောင်မလေး။ ကျွန်တော့်ဘဝတစ်ခုလုံးကို ပုံအပ်ပေးချင်ခဲ့တဲ့ ကောင်မလေး။ ကျွန်တော် ကာကွယ်ပေးချင်ခဲ့တဲ့ ကောင်မလေး။

သူနဲ့ကျွန်တော် ဘာလို့ဝေးကြရတာလဲ။

"အသွားအပြန်မမျှတဲ့အချစ်ဖြစ်ခဲ့လို့" ဒါ ကျွန်တော်သတ်မှတ်တဲ့ ကျွန်တော့်ဘက်ကအဖြေ။

ကျွန်တော့်ဘက်ကပဲ ချစ်ခဲ့ပြီး သူ့ဘက်က ကစားချင်စိတ်ပဲရှိခဲ့တယ်ဆိုတဲ့ ကျွန်တော်သတ်မှတ်တဲ့အမှန်တရား။

သူ့ဘက်ကကြည့်ရင် ကျွန်တော်က ရင်ခုန်ဖို့မကောင်းသော အေးတိအေးစက်နိုင်သော ပျင်းစရာကောင်းသော သူ့ရည်းစားတွေထဲကတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါလဲ ကျွန်တော့်အထင်ပါပဲ။

ဘာလို့ဝေးခဲ့ကြလဲဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘာလို့မဝေးဖို့မကြိုးစားခဲ့ကြလဲဆိုတဲ့ မေးခွန်းလဲရှိသေးသည်။

ကျွန်တော်ဘာလို့ သူ့ကိုဖမ်းဆုပ်မထားခဲ့တာလဲ။

သူ့ဘက်က နေချင်စိတ်မရှိရင် ကျွန်တော့်ဘက်ကဆွဲထားလဲအပိုပဲမဟုတ်လား။

သူမက ကျွန်တော်မရှိတဲ့နေရာမှာ ပိုတောက်ပသည်။ ပိုပျော်သည်။ ဒါဟာလဲ အမှန်တရားပင်။

မနေချင်တဲ့ သူမနဲ့ မဆွဲထားချင်တဲ့ ကျွန်တော်ပေါ့။

ဒါလဲ တစ်ဖက်သတ်ဆန်ဆန် ကျွန်တော့်အတွေးပါပဲ။

...........

မှိုင်းမင်းအိမ်

ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်။

ကျွန်တော့်ဘေးမှာ ရှိပေးတဲ့သူ။ ကျွန်တော့်ကို ကာကွယ်ပေးချင်တဲ့သူ။ ကျွန်တော်နာကျင်မှာကို စိုးရိမ်တဲ့သူ။ ကျွန်တော့်ကို နားလည်ပေးတဲ့သူ။ ကျွန်တော့်ပျော်ရွှင်မှုကို လိုလားတဲ့သူ။

အရေးအကြီးဆုံးက ကျွန်တော့် ခံစားချက်တွေ ပြန်အသက်ဝင်အောင် လုပ်နိုင်ခဲ့တဲ့သူ။

ကျွန်တော်သူ့ကို ဘာလို့ချစ်တာလဲ။

ကျွန်တော့်ကို အလိုလိုက်လို့လား။ ဘေးမှာ အနေကြာလို့လား။ flirty ဖြစ်လို့လား။ ထင်ယောင်ထင်မှားဖြစ်တာလား။ လူကောင်းတစ်ယောက်မို့လို့လား။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Dove le storie prendono vita. Scoprilo ora