မှားယွင်းသော ဖြစ်တည်မှု (၁၂)

18 1 0
                                    

လောကကြီးက ဘယ်သူ့ကိုမှ မျက်နှာသာမပေးပါ။ ဘုရားတရားပိုလုပ်တဲ့လူ ကုသိုလ်ကောင်းမှုပိုလုပ်တဲ့သူကို မျက်နှာသာပေးမယ်လို့ထင်ရင် ထိုအတွေးကပိုမှားပါသည်။ လောကကြီးက တစ်သတ်မှတ်တည်းသွားတာပါ။

ပိုက်ဆံရှိတဲ့လူတွေကို လောကကြီးက မျက်နှာသာပေးတာမဟုတ်ပါဘူး။ ပိုက်ဆံရှိတဲ့လူတွေက သူတို့ဆီလာတဲ့ လောကဓံတွေကို ပိုက်ဆံနဲ့ဖို့နိုင်လို့ ပိုက်ဆံမရှိတဲ့လူတွေလောက် မခံစားရဘူးလို့ ထင်နေကြတာ။

ဒီလိုပဲ။ လောကကြီးမှာက အားပျော့တဲ့လူတွေအတွက် နေရာမရှိကြောင်း အနိုင်ရသူ တွေအတွက်ပဲနေရာရှိကြောင်း အရေးကြုံလာရင် မိသားစုက အကောင်းဆုံးဖြစ်ကြောင်း စာမေးပွဲကျတဲ့အခါ ကျွန်တော်နားလည်လာသည်။

ရိုးရိုးမကျပဲ သချာ်ကိုဂုဏ်ထူးထွက်ခဲ့ပြီး တခြားဘာသာနဲ့ထိတာကြောင့် အမေက ရင်ထုမနာဖြစ်ခဲ့ရရှာသည်။

ရူးလောက်အောင်ချစ်ခဲ့တဲ့ ယင်းဆီကအချစ်တွေက အလိမ်အညာ လောင်းကစားသာသာဖြစ်ခဲ့ပြီး စာမေးပွဲကျသွားခြင်းက ကျွန်တော့်ကို နောက်နေ့ဆိုတာမရှိချင်လောက်အောင် ရိုက်ချနိုင်ခဲ့သည်။

လူတိုင်းပြစ်ပယ်သွားတဲ့ ကျွန်တော့်ကို ကျွန်တော့်မိသားစုကတော့ ထွေးပွေ့ပေးခဲ့သည်။ နှစ်ပတ်လောက် ဘာမှမစားပဲ အိပ်ယာထဲလဲနေကာ အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့တဲ့ ကျွန်တော်က အဖေနဲ့အမေပေး‌တဲ့အားတွေကြောင့် နောက်တစ်နေ့ နေထွက်တာကို ကြည့်ချင်လာသည်။

အဆက်အသွယ်အကုန်ဖြတ်ခဲ့တဲ့အလျောက် မာန်တို့ ခတ္တာတို့ နှင်းအိမ့်တို့နဲ့လဲ အဆက်အသွယ်မရှိတော့ပါ။ ကျွန်တော့်ကိုနေ့တိုင်း ဖုန်းတွေဆက်ကြပေမယ့် ဖုန်းကိုင်နိုင်တဲ့အား ကျွန်တော့်မှာမရှိပါ။ ‌တစ်နေ့တစ်နေ့ လူတွေနဲ့စကားပြောဖို့နေနေသာသာ အသက်မရှိတဲ့လူတစ်ယောက်လို ဘာမှမစားမသောက်ပဲ အိပ်ယာပေါ်လဲနေတဲ့ ကျွန်တော့်ကို ကျွန်တော့်အဒေါ်တွေနဲ့ မိဘတွေက တိုင်ပင်ကာ ပိုက်ဆံခက်ခဲသည့်ကြားက ပညာတန်းစေ့အောင် ဘော်ဒါကျောင်းထားပေးခဲ့ကြသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now