ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် (၂၈)

19 1 0
                                    

အေးစက်စက် ရန်ကုန်ဆောင်းညလယ်မှာ ကျွန်တော် အိမ်နေရင်း ရှပ်အကျီနဲ့ဘောင်းဘီတို ဝတ်ထားရင်း စလစ်ပါဖိနပ်နဲ့ တစ်နည်းပြောရရင်တော့ ဂျပန်ဖိနပ်နဲ့ လမ်းမပေါ်တက်ပြေးနေသည်။

ကျွန်တော့်ပါပါးစက်ဘီးကြီး ကို မ သွားသော သူခိုးကို ကျွန်တော်တို့ညီအကိုသုံးယောက်ရော ပါပါးရော ထွက်ရှာနေရသည်။

ဖြတ်ကနဲတွေ့လိုက်တဲ့နောက် ပြေးလိုက်လာတာ မမှီ။

"စောက်ပြသနာပဲကွာ"

ပါးက အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အလျောက် သူ့စက်ဘီးကို စိတ်ကြိုက် ပြင်ဆင်ထားတာဖြစ်သည်။ အစကနေအဆုံး ပစ္စည်းတစ်ခုစီ အကုန်ဝယ်တပ်ကာ ပိတ်ရက်တိုင်း ဟိုနားကလိဒီနားကလိ တစ်သသလုပ်နေတတ်သော သူ့စက်ဘီး ပါသွားသောအခါ ဖြစ်လာမယ့် ကျွန်တော်တို့အိမ်အခြေအနေကို စဉ်းစားသာကြည့်။

အိမ်ရှေ့မှာ ခဏလေးရပ်ထားတာကို မ သွားတာ။ တော်တော်မိုက်ရိုင်းတဲ့ သန္ဓေယုတ်တဲ့ကောင်တွေ။

မျက်နှာငယ်ဖြစ်နေတဲ့ အဖေနဲ့အမေကိုကြည့်ပြီးရင်မောတာမို့ စက်ဘီးအသစ်ပဲ ကျွန်တော်ဝယ်ပေးလိုက်ရကောင်းမလား စဉ်းစားမိသည်။

"ညဘက်အိပ်တာလဲမဟုတ်ဘူး အိမ်ကိုနည်းနည်းပါးပါးနားစွံ့ထားပါတော့လား အိမ်အလုပ်ဆိုလို့ ဒါလေးတစ်ခုပဲလုပ်ရတာကို သုံးစားမရလုပ်နေ"

စိတ်သောကကြောင့် အိမ်မှာတစ်ချိန်လုံးရှိနေတဲ့ ကျွန်တော့်ကို မားကစိတ်လိုလက်ရပြောသည်ကို ကျွန်တော်ဘာမှပြန်မပြောပဲနားထောင်နေလိုက်သည်။ နည်းနည်းပြောလိုက်ရလို့ စိတ်ပြေသွားရင်လဲပြေပါစေတော့။

တကယ်လဲ ကျွန်တော့်အမှားမကင်းပါဘူး။ သတိလွတ်သွားတဲ့ခဏမှာ ပါသွားတာဆိုတော့။

"လွန်း စက်ဘီးပါသွားလို့ဆို"

ဖုန်းထဲက သူ့အသံကြားတော့ လူက ပြစ်ငိုချင်လာသလိုလို။ အားငယ်တတ်တဲ့ အားနည်းတဲ့ အကောင်ငယ်လေးလား ဆိုတော့လဲ လူက လေးယောက်တစ်ယောက်ပြိုင်ထိုးတောင် ကိုယ်က နိုင်မယ့်ပုံ။

"ဟုတ်တယ်လို့"

"ဘယ်မှာလဲအခု ကိုယ်လာခဲ့မယ်"

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now