သူဖန်တီးသော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း (၃၁)

26 1 0
                                    

ကျွန်တော်က ခေတ်လူငယ်တစ်ယောက်။ နိုင်ငံခြား culture တွေနဲ့လဲ မစိမ်းသူတစ်ယောက်။ သူများတွေ လုပ်ချင်တာလုပ် ကျွန်တော်စိတ်မဝင်စား မဝေဖန်တဲ့သူတစ်ယောက်။

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် အဲ့လိုဖြစ်လာတော့ အခြေအနေတွေကို လက်မခံနိုင်တာကတော့ အမှန်ပင်။

ဒါတောင် ကျွန်တော်တစ်ယောက်ယောက်နဲ့ အိပ်ခဲ့တာမဟုတ်သလို ဘယ်သူ့ကိုမှလဲ ကိုယ်ဝန်ရအောင်လုပ်ခဲ့တာမဟုတ်။ သို့သော် ကျွန်တော်လက်မခံနိုင်သေးပေ။

ဖြေလျော့တာလေးများကွာ ဆိုတာကိုတင် လက်မခံနိုင်တာ။

အထူးသဖြင့် တစ်ဖက်လူကဘယ်သူမှန်းလဲ မမှတ်မိ။

ပြီးတော့ အမှန်အတိုင်းပြောရရင် ကျွန်တော်က ယောကျ်ားလေးတွေနဲ့အတွေ့အကြုံရှိတာလဲမဟုတ်ဘူး။

အဆိုးဆုံးကတော့ ကျွန်တော့်ပထမဆုံးကို ကျွန်တော်ချစ်တဲ့လူကိုပဲပေးချင်တာ။

အခုက ကလပ်ကအိမ်သာထဲမှာ ဘယ်သူမှန်းမသိတဲ့လူနဲ့ ဖြေလျော့လိုက်ရတာ။

ပြန်တွေးမိတာနဲ့တင် ကြက်သီးထပြီး တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်ချင်သည်။

ဝမ်းနည်းသည်။

နောင်တရသည်။

မှိုင်းကိုမြင်ရင် ပိုတုန်လှုပ်မှာသေချာသည်။

အရာရာကို မင်းကိုပထမဖြစ်စေချင်ခဲ့တာပါ။

လက်တွဲပြီး လမ်းအတူတူလျှောက်တာကအစ ငါ့ဆီကအရာရာကိုပေါ့။

ယင်းနဲ့ ဘာဆိုဘာမှမလုပ်ခဲ့တာ တော်သေးသည်ဟုပင် ခံစားရသည်။

တစ်ပတ်ကျော်ကြာတဲ့အထိ ကျွန်တော် အလုပ်လုပ်လိုက် အိပ်လိုက်လုပ်ရာကနေ မှိုင်းက ဒီနေ့အိမ်လာမယ်ဆိုတဲ့စာကြောင့် ကျွန်တော်သူ့ကို ကုတင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်စောင့်နေမိသည်။

အဲ့နေ့ကအကြောင်းမေးရမလား။ ဘယ်တုန်းကရောက်တာလဲ။ ငါနဲ့အတူတူရှိတဲ့လူကိုမြင်လိုက်လား။

အဲ့တာဆို သူသိသွားမှာလား။ တစ်မျိုးထင်သွားမှာလား။

သေချာပေါက် ဘာဖြစ်ခဲ့လို့လဲလို့ ပြန်မေးမှာပဲ။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now