ဒါကိုအားမနားကြသော သူတွေကတော့ ဉမ္မာနှင့် ညိုသွယ်သွားရာ နောက်ကိုတစ်ကောက်ကောက်လိုက်ကြသည်။ နှိုင်းကတော့ ပထမရက်ကလိုက်သွားနိုင်သောလည်း ဗိုက်ထဲက ကလေးနှင့် အပြင်က သားတော်မောင်ကို မနိုင်တာကြောင့် နောက်ရက်တွေမလိုက်ဖြစ်တော့ပါ ။

တစ်ခါတစ်ခါ သားကိုတော့ ခေါ်သွားပေးကြသည့်အခါရှိပါသည်။ သားက သူကိုကို (ကိုဘုန်း ကလေးလေးကိုပြောတာပါ ) နှင့် ဆော့နေရရင်လျှင် မလိုက်ပါ။ သူ့ကိုကိိို၏ သူငယ်ချင်းတွေက ပေါ်တာကြောင့် လူကြီးတွေနှင့်လိုက်နေရတာထပ် ပိုပျော်သည်ပုံပေါ်။

အကြောင်းစုံကို တွေးနေတာနှင့် အချိန်အတော်ကြာသွားသည်။ လုပ်စရာအလုပ်များကို ကူလုပ်ပေးရန် နှိုင်း ထ ရန်ကြိုးစားလိုက်၏ ။ ပထမ အကြိမ် ကိုယ်ဝန်ဆောင်ခြင်းမဟုတ်တာကြောင့် လူပျိုဗိုက်လေးမဟုတ်တော့ပါ။

5 လထဲဝင်သေးသော ဗိုက်ကလေးက သားကို ကိုယ်ဝန်ဆောင်တုန်းကထပိ ပိုထွက်နေတာ ကြောင့် ထိုင်ရ ထရသိပ်အဆင်မပြေပါ။
သေချာ အရှိန်ယူ၍ ထိုင်လိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်၏။ နှိုင်း ၊ တို့ယောက်ျားလေးတွေက ညိုသွယ်တို့အိမ်မှာ တည်းကြပြီး ကျန်သူများကတော့ ဉမ္မာတို့အိမ်မှာတည်းကြတာပင်။

" အန်တီ ညိုသွယ်တို့ ပြန်မလာကြသေးဘူးလားမသိဘူး"

" ဟုတ်တယ် သား ဘာစားချင်လို့လည်းအန်တီကိုပြောလေး အန်တီလုပ်ပေးမယ် "

"မဟုတ်ဘူးဗျ တစ်ယောက်ထဲ နည်းနည်းပျင်းလားလို့ သားကလည်း အပြင်မှာသူကိုကိုနဲ့ဆော့နေလို့လေး "

ညိုသွယ် မေမေတို့ကော ဉမ္မာမေမေတို့ကောက သဘောကောင်းကြသည်။ မင်းမင်းတို့အိမ်လည်း ဟင်းတွေနေ့တိုင်းလာပို့ပေး၏။ နှိုင်းတို့ရောက်နေတာ 3 ရက်ရှိပြီးဖြစ်တာကြောင့် အိမ်ဘေးကလူတွေနှင့် ရင်းနှီးနေကြပြီး။

ရွာသူရွာသားတွေက သဘောမနှောကောင်း၍ နှမျော်ခြင်းမရှိကြပါ။ ရိုးသားဖြူစင်သော အပြုံးတော်တော်များများကိုလည်း တွေ့ရတက်။

" သားလိုက်သွားချင်ရင် အန်တီလိုက်ပို့ပေးမယ်လေး "

"ရတယ် ရတယ်အန်တီ အလုပ်ရှုပ်နေမယ် ဖုန်းလာလို့ဖုန်းကိုင်လိုက်အုံးမယ်နော် အန်တီ"

Doctor  Husband (Complete)Where stories live. Discover now