"" သဘောကျရုံလောက်နဲ့ ရှေ့ဆက်လို့ရမယ့် ထင်နေတာလား ။ ""

"" ဒါဆို ညီငယ်နဲ့ ချန်ဒလာကကော.. ""

"" ကျွန်တော်သဘောမကျဘူးလို့မပြောမိပါဘူး။
နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း သဘောကျတယ်ဆိုတဲ့နေရာမှာပဲ ရပ်တန့်ထားမှာ မဟုတ်ဘူး ""

"" ချစ်ခြင်းတရားဆိုတာ ကိုကြီးအတွက်တော့
ဝဋ်လို့ပဲခံယူထားတယ် ညီငယ် ... ""

တီ ! တီ ! တီ !

‌ခြံရှေ့မှ ကားသံကြောင့် စကားသံတို့ဟာ ရပ်တန့်သွားရသည်။

' ဟယ်ရီ လာကြိုပြီ ထင်တယ် ' ယိမ်းယိုင်သက်ပြင်းတစ်ချက်ချလိုက်ကာ အပေါ် Coat အမဲရောင်ကိုဝတ်ဆင်လျှက် မတ်တပ်ရပ်လိုက်သည်။ ထို့နောက်မျိုးပင်မှိုင်းဘက်သို့ လှည့်ကာ

"" အချစ်မှာ ထပ်တူကြနေရင်ဝဋ် မဟုတ်ပါဘူး။
အချစ်ကြောင့် ဖြစ်တည်လာမည့် ခံစားချက်တွေကို
ကိုကြီး မထိတွေ့သေးမိလို့ပါ ။ ချစ်ရသူရဲ့ အပြုံး ၊
ချစ်ရသူရဲ့ မျက်ဝန်းတွေ ၊ နောက်ပြီး ချစ်ရသူရဲ့ ဆံနွယ်စလေးတွေကအစ ကိုယ့်အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ဘုရားပေးတဲ့ ဆုလာဘ်ပဲ ။
အချစ်က ထူးဆန်းတယ်ကိုကြီး ကိုယ်မသိလိုက်ပါပဲ
ကိုယ့်ရဲ့ ရုပ်၊နာမ် နှစ်ခုလုံးမှာ နှုတ်မရတဲ့ အမြစ်တစ်ခုလို ကပ်တွယ်ငြိသွားလိမ့်မယ် ""

ယိမ်းယိုင်၏ စကားကြောင့် သူမှိုင်ထွေထွေတော့ စဉ်းစားမိသည် ။ ၂၈ နှစ်ရှိသည်အထိ သူတစ်စုံတစ်ယောက်အပေါ်၌ စိတ်မယိုင်ခဲ့ဖူး။
အဖေ၊အမေ၊ညီငယ်သာ စိတ်ထဲရှိနေခဲ့ခြင်း။
အချစ်ဆိုတဲ့အရာကိုလည်း သူသိလည်းမသိချင် ။
ဘာလို့ဆို နွေးထွေးလှသည့် သူ့တို့အသိုက်အမြံထဲ
တစ်ခြားသူဝင်လာခဲ့မှာ သူစိုးရိမ်လှသည်ပင်။
ဒါပေမယ့်လည်း ကံကြမ္မာဟာ ရက်စက်လွန်းလှသည်
သူတို့မိသားစုထဲက မေမေ့ကို ခေါ်ထုတ်သွားခဲ့လေသည်။ မေမေ့ရဲ့ မရှိတဲ့အချိန်ကတည်းက ပြိုလဲနေကြသည့် ညီငယ်နဲ့ ဖေဖေ့အတွက် သူကတော့ကြံ့ခိုင်
နေရမည်။

အသက် ၂၀ ကတည်းက ဖေဖေရဲ့ကျန်းမာရေးဟာ လည်း တစ်စတစ်စ ဆိုးလာသောကြောင့် ကျောင်း၊
နောက်ပြီး သူ့ဝါသနာ ဖြစ်သည့် ဂီတကိုပါစွန့်လွှတ်ပြီး
စီးပွါးရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်လာခဲ့သည်။
တစ်အိမ်လုံးရဲ့ ကိစ္စရပ်တိုင်းဟာ သူ့ပုခုံးပေါ် ထမ်းတင်ခဲ့သည်။ ဒါဟာ သူလုပ်ရမည့်လုပ်ရပ်ပင်။

CHANDLER { Ongoing }Where stories live. Discover now